( အခန်း၃၇)

480 58 53
                                    

ထုံးစံအတိုင်းမိသားစုမနက်စာဝိုင်းတွင်အပိုလူတစ်ယောက်တိုးနေသည်။ ကလေးငယ်ရဲ့စားသောက်ပုံကအစဂရုတစိုက်လုပ်ပေးနေသည့်မောင့်ကိုကြည့်လေ စိုးရိမ်မှုကမြင့်တက်လေပင်။

ပန်းကန်ထဲရှိပါစတာတို့ကိုခရင်းနဲ့ထိုးစွနေသည်မှာ မည်မျှကြာမှန်းလည်းမတွေးတောနိုင်။ ငယ်ကျနေတဲ့ကိုယ့်မျက်နှာကိုလည်းမမြင်ရတော့ကျွန်တော်ဟာအခြေအနေဆိုးနေပြီဖြစ်တဲ့လူမမာလို။

အခုတော့ဖြင့်ကျွန်တော့်အားအမြဲ စနောက်ကျီစယ်နေတဲ့မောင်က ထိုကလေးငယ်အားတယုတယနှင့်ဂရိုစိုက်​ပေးနေတာကျွန်တော့်ထံအရေးတောင်မလုပ်ချေ။

" ဂျောင်ဂု"

" ဗျာ အမေ"

" အစားကိုကောင်းကောင်းစား ၊ လျှောက်တွေးနေလို့ကတော့အကုန်သွင်ပစ်မယ်။"

" ဟုတ်ကဲ့"

ရိပ်မိဟန်ရှိသောအမေကစေတနာဇောနှင့်မာန်မဲသည်။ ထို့ကြောင့် စားချင်စိတ်မရှိတဲ့ပါစတာပေါ်ဆော့အနှစ်များများထည့်ရင်းခရင်းနဲ့အပြည့်လိမ်ပြီးစားသော်မောင့်ရဲ့စကားသံကဖြတ်ကြားလာသည်။

" အမေကလည်းကိုကို စားချင်စိတ်မရှိလို့နေမှာပေါ့ ဘာလို့အတင်းကျွေးနေရတာလဲ။"

" သူဒီလိုပဲအတွေးလွန်ပြီးအစားမစားလို့မေ့လဲသွားရင် မင်းကဘာလုပ်ပေးမှာမလို့လဲထယ်ယောင်း။"

" မစားချင်တာကိုအတင်းကျွေးနေမှတော့အန်ကုန်မှာပေါ့။"

ထပ်ပြောတော့မယ်သူမရဲ့ခြေထောက်ကိုလာထိသည့်ဖိနပ်ထိပ်ကြောင့်ဂျောင်ဂုကိုကြည့်လိုက်သည်။ မျက်နှာအရိပ်အကဲပြ၍ဟန့်တားနေခြင်းကြောင့်သူမစိတ်လျှော့လိုက်၏။

ထိုမှ ဝန်ကြီးချုပ်က လက်ကျန်ပါစတာကိုအပြတ်ဖျက်ပြီး အလုပ်အိတ်ကိုဆွဲကာထရပ်သည်။

" ကဲ အဖေအလုပ်သွားတော့မယ်သားတို့"

" ဟုတ်ကဲ့အဖေ"

" ဟုတ်ကဲ့အန်ကယ်လိုင်လာ"

" ဟုတ်ကဲ့...ပါ... ဟုတ်...ကဲ့ပါ"

ကြားထဲကနေခေါင်းလေးတညိတ်ညိတ်နဲ့ဝင်ပြောလာသည့်ကလေးငယ်ကြောင့်ဝန်ကြီးချုပ်ပြုံးမိသွားသည်။ ထယ်ယောင်းကတော့ခေါင်းလေးကိုပုတ်လို့သဘောကျနေလေရဲ့။

လေနှင်ရာ (completed) Donde viven las historias. Descúbrelo ahora