ပေါ့ပါးစွာနိုးထလာသည့်မနက်ခင်းပိုင်း။ မနေ့ညက ကျွန်တော်ရေချိုးခန်းကထွက်လာပြီးကိုကိုလည်းပြန်သွားသည်။ မျက်နှာချင်းဆိုင်ရမှာအနည်းငယ်မျက်နှာပူပေမဲ့ အင်းအဲသာပြန်ဖြေပြီးကိုကို့စကားတိုင်းကိုခေါင်းညိတ်ခဲ့ရသည်။
သို့သော် ယနေ့၌ကျွန်တော်မျက်နှာပူနေလို့မရ။ ခံစားချက်တွေကိုသိပြီ၊ ပုံဖော်ရေးဆွဲနိုင်ပြီဖြစ်တဲ့အတွက် ကိုကို့အားချစ်ရေးဆိုပိုးပမ်းတော့မည်။ မုန်းသွားလေမလား ၊ ရွံရှာသွားလေမလားကျွန်တော်မစဥ်းစားချင်ပါ။
နောင်လာတာနောင်ထား လုပ်ချင်တာလုပ်ပြီး ဖြစ်ချင်ရာဖြစ်သွားလိမ့်မည်။ အရေးကြီးဆုံးက ကိုကိုသည်ကျွန်တော့်ကောင်လေးဖြစ်ရန်အရေးမှာ အဓိကဇာတ်ကောင်ဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချင်ပင်။
ထို့ကြောင့် နိုးနိုးချင်းရေချိုးခန်းဝင်၊ ပြီးတာနှင့် အစိမ်းရောင် shirt အင်္ကျီအားကြယ်သီး သုံးလုံးလောက်ဖြုတ်ဝတ်ကာ အနက်ရောင် style pantကိုလည်းစမတ်ကျကျဝတ်ထားသည်။ နားတစ်ဖက်တွင်အမှန်ခြစ်သဏ္ဍာန်ဖန်ဆီနားဆွဲကိုဆွဲလျက် ဆံပင်များကိုခပ်ဝဲဝဲဖွကာအနည်းငယ်တော့ရှိုးထုတ်ထားပါ၏။
အကြောင်းရင်းကိုပြောရလျှင် ကိုကိုကျွန်တော့်ကိုကြွေမှဖြစ်မည်။
လှေကားမှခြေဖော့ကာအပြေးကလေးဆင်းလာပြီးနောက်လှေကားကျောဘက်တွင်ထားတဲ့ကျွန်တော့်ရဲ့များလှစွာသောဖိနပ်တွေထဲမှ အစိမ်းရင့်ရောင်ထိပ်ချွန်ဖိနပ်ကိုစီးလိုက်သည်။
" ထယ်ယောင်းဘယ်သွားမလို့လဲ"
" အော် အမေ"
ကော်ဖီ ခွက်တစ်ခွက်နှင့်ထမင်းစားခန်းမှထွက်လာတဲ့မိခင်ဖြစ်သူရဲ့စကားကြောင့် ထရပ်ပြီးမျက်နှာချင်းဆိုင်လိုက်သည်။ ဝတ်စားထားသမျှကိုအစုန်အဆန်လိုက်ကြည့်နေသည့်အမေကအနည်းငယ်လူကိုထူးဆန်းသလိုဖြစ်နေ၏။
" အဖေ့အတွက်ကော်ဖီလား"
" အင်း......နေပါဦးမင်းဒီနေ့shootingရှိတာလား။ ပြောတော့နားရက် ရထားတယ်ဆို။"
" မရှိပါဘူးကျွန်တော်ဒီအတိုင်းဝတ်ထားတာပါ၊ တအားတွေချောနေတာလားအမေ။ ကြည့်ဦး.....ကျွန်တော့်ပုံကကြွေချင်စရာကောင်းတယ်မဟုတ်လား။"
YOU ARE READING
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...