Zawgi
_______တိမ်တွေငိုလို့ ရင်တွေပြိုသည့်တိုင်နှလုံးစိုင်မှာမျဉ်းပြိုင်ဖြစ်နေသည်က ခွဲခွာခြင်းနှင့်ချစ်ခြင်းတို့...။အသည်းညှာမှာလွမ်းနာကျ ပြန်တော့လည်း ဆေးအသာကရှိမနေပြန်။ 'မောင်ခေါ်ရာလိုက်ခဲ့ပါ့မယ်'ဆိုရအောင်လည်း ငါကနေရတဲ့ဇာတ်လမ်းတစ်ပုဒ်ဟာချစ်ခြင်းဖွဲ့အလင်္ကာ, ပေလွှာလေးဟုတ်မနေပြန်ဘူးမောင်ရယ်။
မောင်ဆိုတာငါ့အတွက် ကောင်းကင်ကြီးလိုမျိုး.....ငါကတော့နှလုံးသားကိုပန်းတစ်ပွင့်အဖြစ်စိုက်ပျိုးထားတဲ့ဥယျာဉ်မှူး...။ တိမ်ညိုညိုမှာမျက်ရည်စိုလို့ မိုးဖွဲကလေးတွေ ကျရင် ငါ့နှလုံးသားရဲ့ပန်းကလေး မောင့်မျက်ရည်တွေနဲ့ဖုံးလွှမ်းသွားမှာစိုးလို့မျက်ရည်မိုးတွေမရွာသွမ်းဖို့ဆုတောင်းမိတယ်။
ဒီလိုပဲ...မိုးကထစ်ချုန်းလေပြေရုန်းရင် နှလုံးသားရဲ့ပန်းကလေးကကြောက်တတ်သေးတယ်မောင်။ ဒါကြောင့် ကောင်းကင်ပြာပြာတိမ်အလွှာလွှာနဲ့၊ကခုန်မြူးတူးရှိနေဆူးပါလျှင် နှလုံးသားရဲ့ပန်းကလေးကဒီလိုဆိုတယ်...' ပျော်နေပေးပါငါ့ရဲ့သခင်၊ ငါရှင်သန်နေတာမင်းအပြုံးတစ်ခုတည်းကြောင့်ပါ'..တဲ့။
မောင်သိလား......မောင်ငါ့ကိုမုန်းသွားဖို့ဆိုတောင်းပေမဲ့ အတ္တကြီးစွာမောင်ငါ့ကိုဆက်ချစ်နေစေချင်သေးတယ်။
ဆေးရုံပန်းခြံအတွင်းခုံတန်းရှည်လေးမှာအသက်မဲ့သည့်ကျောက်ရုပ်ပမာထိုင်နေသည်က နာရီပေါင်းများစွာ။ ပုဇွန်ဆီရောင်နေလုံးကြီးပျောက်ကွယ်လို့ဆေးရုံနံ့သင်းသင်းနဲ့အတူ မီးရောင်ပျပျကိုမြင်မှသာအသိဝင်သည်။
ပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်တွေကဘယ်အချိန်ကတည်းကျလို့ကျနေမှန်းမသိ။ မောင်သတိပြန်လည်ကတည်းကပြေးထွက်ခဲ့သည်မှာယခုထိပင်။ အမေလာတွေ့ပြီလားလည်းမသိရသလိုမောင်ဘယ်လိုနေမှန်းလဲမသိရချေ။
လူခြေတိတ်သွားသောဆေးရုံပန်းခြံ၏မီးရောင်ဖျဖျအောက်၌သာထိုင်၍ ကောင်းကင်ရှိကြယ်ရောင်ပျိုးပျိုးပြောက်ပြောက်ကိုသာမော့ကြည့်မိသည်။
" သခင်လေးဂျောင်ဂု"
လေသံအေးအေးခေါ်သံကြောင့်ပခုံးတွန့်သွားပြီးမော့ကြည့်လိုက်သည်။
VOUS LISEZ
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...