ညလယ်ပိုင်းအချိန်ဖြစ်သော်လည်း TV ရှေ့ဆိုဖာ၌ တစ်ယောက်ကလှဲလျက်အိပ်ပြီး၊တစ်ယောက်မှာမူ ကြမ်းပြင်ပေါ်တင်ပျဥ်ခွေထိုင်ရင်း cola တစ်ဗူးနှင့် ရုပ်သံလိုင်းကလွှင့်သည့် လုံးခြင်း anime ကိုကြည့်နေလေသည်။
Ponyo အမည်ရသည့် anime ကတစ်နည်းအားဖြင့်ဂျောင်ဂုအကြိုက်လည်းဖြစ်၏။ ထို့ကြောင့်colaလေးသောက်ရင်း အကြည့်မလွှဲနိုင်စွာဖြစ်နေတော့သည်။
" ကိုကို"
".........."
" ကိုကိုလို့"
" အင်း ဘာလဲ"
ဆိုဖာပေါ်ဝမ်းလျားမှောက်လှဲအိပ်နေရာမှဂျောင်ဂုရဲ့ပခုံးကိုလက်ညှိုးနဲ့တို့ထိပြီးပျင်းရိဖင့်တွဲစွာခေါ်လိုက်သည်။ ထို့ကြောင့်ဂျောင်ဂုလှည့်မကြည့်ပဲဖြေလိုက်၏။
" တခြားဇာတ်ကားပြောင်းကြည့်ရအောင်လေ ကာတွန်းကားကြီးဘာလုပ်မှာလဲ။"
" ကာတွန်းမဟုတ်ဘူးanime"
" တူတူပဲဟာ"
" မတူဘူး "
" အိမ်မှာအမေနဲ့အဖေမရှိဘူးလို့"
ထပ်ပြောလိုက်သည့်စကားကြောင့်ဂျောင်ဂုမျက်မှောင်ကျုံ့ပြီးလှည့်ကြည့်သည်။ ဟီးခနဲရယ်ပြလာပုံထောက် ဘာတွေလုပ်ဦးမယ်မသိ။
" အမေတို့မရှိတာနဲ့မင်းကဘာလုပ်မှာလဲ"
" လူကြီးကားကြည့်ရအောင်"
" ဘာ! ထယ်ယောင်း!"
" ဟာ မဟုတ်ဘူးလေ၊ ကျွန်တော်ပြောချင်တာကလူကြီးတွေကြည့်တဲ့ဒရမ်မာတို့ အက်ရှင်တို့ပြောတာ။ အခုတလော I Am Lengend ကြည့်ချင်နေလို့ ကျွန်တော့်ဖုန်းထဲမှာရှိတယ်ဂျွိုင်းလိုက်ရမလား။"
" မရဘူး ponyoမပြီးသေးဘူး"
" ဟူး!...ကလေးကလားနဲ့"
" ငါ့ဟာငါဘာကြည့်ကြည့်ပေါ့၊ လူကြီးဖြစ်တာနဲ့animeမကြည့်ရဘူးတဲ့လား။ လူကြီးတွေလည်း animeကြိုက်တယ်။"
" ကဲပါဗျာ ကြည့်ကြည့်...ကျွန်တော်ဘေးကနေဒီတိုင်းပဲနေတော့မယ်။"
ပါးတစ်ဖက်ကိုဖျစ်ညှစ်၍ပြောလာသောထိုစကား။ ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကအနေထိုင်ဆင်ခြင်ရမှာမို့လက်ကိုပုတ်ထုတ်လိုက်သည်။ ဒါတောင်မထီပဲပြုံးနေသူက တစ်ချိန်ကမောင်နှင့်ထူးမခြားနားစွာပါပဲ။
BINABASA MO ANG
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...