အိမ်အနောက်ဘက်ရှိစားပွဲဝိုင်းတွင် ချထားသောစုံလင်သည့်ဟင်းလျာများထဲမှတစ်ခုတောင်တို့မကြည့်ပဲ သူမပေးထားတဲ့ ပေါင်မုန့်အလွတ်ကိုသာစားနေသည့်ကလေးငယ်ကခေါင်းမဖော်တမ်းပင်။
ထိုင်ခုံနောက်မှီရင်းထိုကလေးကိုစိုက်ကြည့်နေမိ၏။ မုန်းလားဆိုတော့လည်း ထိုကလေးကသူမမိသားစုအပေါ်မှာမည်သည့်အမှားမှကျူးလွန်မထား။ သူတို့ကသာထိုကလေးအပေါ်မတရားစွာအပြစ်သင့်ထားခြင်းသာ။
ဒါပေမဲ့ထိုကလေးကြောင့် သူမရဲ့သားဂျောင်ဂုနာကျင်ရပုံကိုတွေးကြည့်မိတဲ့အခါမကြည်ဖြူနိုင်ပါချေ။
" ချထားတဲ့ဟင်းတွေကသွင်ပစ်ဖို့ထားတာမဟုတ်ဘူး။ "
"............."
" ယူစားလို့ရတယ်"
" မားမား..."
တိုးညှင်းစွာထွက်ပေါ်လာသောနာမ်စားကြောင့်သူမရင်ထဲမှာလှိုင်းငယ်တစ်ဆင်းဖြတ်စီးသွားသည်။ သို့သော်လည်းမျက်နှာတင်းထားဆဲသာ။
" သား...ဇွန်းမကိုင် နိုင်...နိုင်...လို့...ပါ"
အမှန်တရားကခါးသီး၏။ သူမရဲ့အမြင်မကြည်မှုတွေကြားတိုးဝင်လာတဲ့ဂရုဏာတရားအားအလျင်အမြန်ပယ်ဖျက်ပစ်လိုက်သည်။
ဒီကလေးအပေါ်မှာသနားလို့မရ၊ သူဟာသားအတွက်နာကျင်စေမယ့်လက်နက်တစ်ခုလိုပင်။ ဒါပေမဲ့လည်းကြက်ဆင်ပေါင်းထံရောက်သွားတဲ့လက်တွေကသူမရဲ့အမိန့်ကိုမနာခံပါချေ။
သူမကိုယ်တိုင်တောင်နားမလည်နိုင်စွာကြက်ဆင်ပေါင်းကိုတစ်လုတ်စာအတုံးတွေလှီးဖြတ်ပြီးထိုကလေးရှေ့ချပေးမိသည်။
" စားလိုက်"
ခပ်မာမာလေသံရဲ့အဆုံးမရဲတရဲဖြင့်ယူလာတဲ့ကွေးတေးသောလက်ကလေးတွေကသူမ လှီးဖြတ်ပေးထားတဲ့ကြက်ဆင်ပေါင်းကိုယူစားသည်။ ပါးနှစ်ဖက်ဖောင်းအောင်အထိတမြုံ့မြုံ့ဝါးနေပုံက ဂျောင်ဂုငယ်ငယ်တုန်းကမြင်ချင်ခဲ့သည့်မြင်ကွင်းမျိုးပင်။
" မင်း...ဆံပင်ကထယ်ယောင်းလုပ်ပေးတာလား"
" ဟုတ်...ဟုတ်..."
ပြန်ဖြေရင်းဘေးဘက်ရှိအသီးပန်းကန်ထဲကသစ်သီးတွေကိုနှိုက်စားနေသည့်ကလေးကြောင့်ပြုံးမိမလိုတောင်ဖြစ်ရသည်။
![](https://img.wattpad.com/cover/330537429-288-k418591.jpg)
YOU ARE READING
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...