( အခန်း ၃၀)

529 62 35
                                    

ရှိုက်ကြီးတငင်နဲ့မောဟိုက်စွာငိုကျွေးနေသောအမေ၊ အမေ့ပခုံးကိုထိန်းကိုင်ပေးရင်းအရာအားလုံးသိနားလည်သလိုနှစ်သိမ့်ပေးနေသည့်အန်ကယ်လိုင်လာ၊ အမေရဲ့စကားတွေနောက်ကောက်ကောက်ပါအောင်လိုက်ရင်းအဖြေရှာမရတဲ့ကျွန်တော်နှင့် ပြဿနာအစကိုတူးဖော်လိုက်သောမောင်က မငဲ့မညှာအဖြေအလုံးစုံကိုစောင့်ဆိုင်းနေသည်။

" မင်းကိုငါ့ဝမ်းနဲ့လွယ်ပြီးမွေးခဲ့တာပါဂျောင်ဂု....မင်းကိုချစ်လွန်းလို့မင်းအဖေဆီကနေအတင်းတောင်းယူခဲ့ပါသေးတယ်။ ဒါပေမဲ့....အင့်....ဒါပေမဲ့မင်းရဲ့အမေအတ္တသမားက ငါ့ဆီကနေမင်းကိုလုယူသွားခဲ့လို့ပါသားရယ်။"

" အမေဘာတွေပြောနေတာလဲ။ ကျွန်တော့်ကိုမွေးပေးထားသူကအမေပဲလေ၊ ကျေးဇူးပြုပြီးကျွန်တော့်စိတ်တွေဒီထပ်ပိုမရှုပ်ပါရစေနဲ့တော့အမေရယ်။ အမေ့စကားတွေနောက်လိုက်ရတာကျွန်တော်မောလှပြီ။"

ဒီထပ်ပိုပြီးမတွေးခေါ်တတ်တော့သည့်ကျွန်တော်ကဉာဏ်ထိုင်းလွန်းအားကြီးသည်။ ကျွန်တော်တတ်နိုင်တာဆိုလို့ယောကျာ်းတန်မဲ့မျက်ရည်ကျပြီးဆောက်တည်ရာမရဖြစ်ရုံပဲ။

အမေ့ကိုတွဲကူပေးသည့်အန်ကယ်လိုင်လာ့ထံအကြည့်တွေရောက်တော့လည်းသူဟာအလုံးစုံသိထားသလို။

'မင်းရဲ့အမေအတ္တသမား' ဆိုသည့်စကားလုံးနဲ့တင်ကျွန်တော့်ခြေထောက်တွေမှာအားမရှိတော့။ လဲကျမသွားစေရန်ခါးမှထိန်းပွေ့ပေးလာသော မောင့်အား မဝံ့မရဲမရဲကြည့်ကာ အင်္ကျီလည်ပင်းစကိုခပ်တင်းတင်းဆွဲပြီးပြောလိုက်သည်။

" ငါပြောခဲ့သားပဲ၊ အတန်တန်သတိပေးတဲ့ကြားကဘာလို့ပြဿနာရဲ့အစကိုဖော်ရတာလဲ!။ အခုငါ့မှာအမေ့ရဲ့စကားလုံးတွေကိုအဓိပ္ပါယ်ကောက်ရတာမောနေလှပြီ...မင်းသိရဲ့လား....ပြဿနာကိုဘာလို့တူးဆွခဲ့ရတာလဲ!။"

မောင်ဟာခွန်းတုန့်ပြန်မလာခဲ့ပေ။ ကြင်နာသနားသောအကြည့်များပေးကမ်းစွန့်ကျဲလျက် ကျွန်တော်နီးတူငိုရှိုက်ဆဲအမေ့ထံလှည့်ပြောသည်။

" ကိုကိုငိုရတာမောနေပြီအမေ.....ကျွန်တော်တို့ကိုအဖြေရှာပေးပါတော့။ ကိုကို့ ကိုသနားရင်အကြောင်းပြချက်တစ်ခုခုတော့ပေးလိုက်ပါ။"

လေနှင်ရာ (completed) Место, где живут истории. Откройте их для себя