zawgi
_______ကလေးငယ်အားစမ်းသပ်ခန်းမှကယ်လာပြီးနှစ်ရက်အကြာဖြစ်သည်။ ဒီတောအတွင်းခေါင်းဆောင်တရားခံအားလုံးဝရှာမတွေ့သဖြင့်ထယ်ယောင်းခေါင်းစားရသည်။ နောက်ပြီးသူ့ရဲ့မော်ဒယ်လုပ်ငန်းဘက်မှာသတင်းတွေထွက်နေတဲ့အတွက်မီဒီယာတွေထံမှဖုန်းတွေကလည်းတစ်သီတစ်တန်းကြီးလာနေသေးသည်။
ထို့အတွက်သူ့မှာညအိပ်ချိန်လေးပင်နားရ၏။တစ်နေ့လုံးကလေးငယ်ကိုလိုက်မကြည့်နိုင်သေးတဲ့အတွက်အခုလည်းအိပ်ခန်းအတွင်းအိပ်နေပြီလားတောင်မသိပါလေ။ နောက်ဆုံးဖုန်းဆက်လာသည့်မီဒီယာမှအမေးအဖြေဖုန်းပြီးတာနဲ့ထိုင်ရာမှထကာအကြောဆန့်လိုက်သည်။
ပြီးတဲ့နောက်ထမင်းစားခန်းသို့သွားပြီးကိုလာတစ်ဗူးယူကာမော့သည်။ ဒါမှသာတစ်နေကုန်ပင်ပန်းခဲ့ရသမျှအနည်းငယ်လန်းဆန်းသွားတော့၏။
ထို့နောက်တွင်တော့ကလေးငယ်ရှိရာအိပ်ခန်းထံခြေဦးတည်လိုက်ပေမဲ့ အကြည့်တို့ကလှေကားတစ်ဖက်ခြမ်းရှိအခန်းကိုရောက်သွားပြန်သည်။အဆင်ပြေလေမလားသိချင်သော်လည်းဖြစ်နိုင်ရင်ထပ်ပြီးခြေမချချင်တာမို့ တစ်နည်းအားဖြင့်ကိုယ့်အတွက်နဲ့ကိုကိုစိတ်ဆင်းရဲမှာစိုးသည့်အတွက် အပြေးသွားကာတွေ့လိုက်ချင်တဲ့စိတ်တွေကိုချိုးနှိမ်ရတော့သည်။
ချပ်*~
" ကလေးအိပ်ပြီလား"
ဖွင့်ထားသောတံခါးအတွင်းခေါင်းပြူပြီးအရင်အသံပြုမေးတော့ အိပ်ယာထက်ကွေးကွေးလေးအိပ်နေသည့်ကလေးလေးကိုတွေ့သည်။
ဆံနွယ်ရှည်လေးများကပခုံးသို့လွှမ်းထားပေးသောခြုံပုဝါလေးနှယ်ဖြစ်နေ၍ကျောပြင်သေးသေးလေးကတော့ဝင်သက်ထွက်သက်မှန်မှန်ဖြစ်နေသည်။ဒီတော့မှအနားကိုသွားရင်းအိပ်ယာပေါ်အတူလှဲချလို့ကိုယ်လေးကိုအနောက်မှသိုင်းဖက်လိုက်သည်။
တွန့်ခနဲဖြစ်သွားတဲ့ကိုယ်လေးနှင့်အတူဖောင်းအစ်အစ်မျက်လုံးလေးများကပွင့်လာပြီးလှည့်ကြည့်၏။
" Daddy"
" ကိုယ့်ကြောင့်နိုးသွားရပြီ ပြန်အိပ်နော်ကျောပုတ်ပြီးသိပ်ပေးမယ်။"
ESTÁS LEYENDO
လေနှင်ရာ (completed)
Fanficမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...