( အခန်း ၅၀)

493 56 35
                                    

" ဂျွန်ပေါက်စ ငါတို့တရားစွဲကြမလား"

" ဟယ်! မီဂွန်းမ နင်တအားတွေရွှေဉာဏ်တော်စူးရောက်လွန်းတယ်။ သခင်လေးငါတို့ကိုဘယ်လိုခြိမ်းခြောက်သွားလဲဆိုတာနင့်နားကြီးကမကြားလိုက်ဘူးလား။"

" နမ်အူ ပြောတာဟုတ်တယ်မီဂွန်း၊ ငါတို့ဒီလိုလုပ်လို့မဖြစ်ဘူး။ ပြီးတော့အငယ်လေးအတွက်လည်းထည့်စဥ်းစားရမယ်။ အဆင်မပြေတဲ့ငါတို့မိသားစုကိုလစာကောင်းကောင်းနဲ့ထောက်ပံ့ထားတဲ့ကျေးဇူးတွေကရှိသေးတော့မဖြစ်ပါဘူး။"

ဘေးပတ်ပတ်လည်မှာဆုံးဖြတ်ချက်ကိုယ်စီချနေကြတဲ့မိန်းကလေးသုံးယောက်ကိုခပ်တွေတွေသာကြည့်မိဆဲပင်။ မမဝူဆောင်းက 'အသက်မပြည့်သေးပဲဆက်နွှဲခဲ့တာမို့ပြစ်မှုမြောက်တယ်တဲ့။

မမမီဂွန်းကလည်းတရားစွဲရန်အတွင်တွင်ပြောပြီး မမနမ်အူကတော့မိသားစုအသက်နှင့်ခြိမ်းခြောက်သွားသည့်Daddyကိုသာသတိပေးနေတော့သည်။

ဒါဆိုသားကရော၊ Daddyသားအပေါ်မှာမည်သို့ပင်ချယ်လှယ်နင်းခြေပါစေဦးပြစ်မှုတစ်ခုလိုမမြင်မိပါချေ။ ​ခြေတော်တင်ရုံဆိုရင်တောင်ဒူးထောက်ခစားပေးဦးမှာမို့ Daddyကဒီအတိုင်းလေးပဲသားဘေးမှာနေပေးရင်ရပါပြီ။

ပြန်ချစ်ဖို့မတောင်းဆိုဖူးသလို၊ အပိုင်ဖြစ်ပေးမလားဟုလည်းမမေးဖူးပါလေ။ သားအမြဲတောင်းဆိုမိတာက ထားမသွားရန်နှင့် အနားမှာဆက်ရှိပေးဖို့ပါပဲ။

လောဘဆိုတာငယ်ငယ်ကတည်းကသားမသင်ယူခဲ့ဖူးလို့ပါDaddy။ အတ္တဆိုတာလည်းသားဆီမှာမရှိသေးတာမို့အကောင်းဆုံးချစ်တတ်အောင်ကြိုးစားမှာပါ။

သားအသိဉာဏ်ထဲမှာ နစ်နာတာတွေ၊ပေးဆပ်တာတွေ၊ပြီးတော့မတရားသဖြင့်ပြုမူခြင်းတွေကိုနားမလည်နိုင်သေးဘူး။ ဒါပေမဲ့ Daddyပျော်ဖို့အတွက်ဘာမဆိုလုပ်ပေးနိုင်ပါတယ်။

အနည်းဆုံးတော့ ခိုကိုးရာမဲ့တဲ့သားဘဝအတွက်ကိုင်းလေးတစ်ခုအဖြစ်ရှိပေးခဲ့သည်မို့။ အပင်တစ်ခုလုံးကိုမပိုင်ဆိုင်ရရင်တောင်သားတစ်ယောက်စာခိုလုံနိုင်မယ့်ကိုင်းတစ်ခုရှိရင်လုံလောက်ပါပြီDaddyရယ်။

လေနှင်ရာ (completed) Donde viven las historias. Descúbrelo ahora