( အခန်း၃၉)

549 64 48
                                    

ခြောက်ကပ်ကပ်အာခံတွင်းနဲ့အတူကိုက်ခဲစွာဒုက္ခပေးလာသည့်ခေါင်းကြောင့်အသိအာရုံတို့ကပ်တာနဲ့တစ်ဆက်တည်း အော့အန်ချင်စိတ်ကပါရောနှောလာ၏။

နေမထိထိုင်မသာခံစားချက်ကြီးကြောင့်နှုတ်ခမ်းသပ်လိုက်တော့အောက်နှုတ်ခမ်းမှစပ်ဖျင်းမှုဟာထင်းခနဲပင်။ မနေ့ညက ဂျီမင်းနဲ့အတူ Club မှာအသောက်လွန်တာမှတ်မိပေမဲ့ ဘယ်လိုအိပ်ယာပေါ်ရောက်လာမှန်းမသိ။

လေးပင်ဖင့်နွဲသောမျက်ဝန်းတို့ကိုအားယူဖွင့်ကြည့်လေတော့ ခရမ်းနုရောင်အခန်းမျက်နှာကြပ်ကဆီးကြိုသည်။

ရုတ်ချည်းပျို့တက်လာတဲ့ခံစားချက်ကြောင့် ပြတင်းပေါက်အမြန်ရှာပြီးအော့အန်ပစ်လိုက်သည်။ အသောက်လွန်သည့်ခံစားချက်ကိုအကြိမ်ကြိမ်ကြုံဖူးသော်လည်းဒီအခေါက်ကပိုဆိုးသည်။

နှုတ်ခမ်းတစ်ဝိုက်ကိုလက်နဲ့ဖိသုတ်ပြီးကိုက်ခဲသည့်မျက်ရိုးများကိုကျုံ့ရင်းအခန်းကိုဝေ့ကြည့်လိုက်တော့ ကျွန်တော့်အခန်း။

မည်သို့မည်ပုံရောက်လာလဲမသိ။ စဥ်းစားလေ စဥ်းစားလေကိုက်ခဲလာလေဖြစ်တဲ့ခေါင်းကြောင့် ဆေးယူရန်အောက်ထပ်သို့ဦးတည်လိုက်သည်။ အမြင်အာရုံမှာအရာအားလုံးဟာနှစ်ထပ်ဖြစ်နေပြီး အော့အန်ချင်စိတ်ကြီးကပိုဆိုးလာသည်။

လှေကားဆင်းတာတောင်လက်ရမ်းကိုအားယူပြီးခါးကိုင်းလျက်အချိန်ယူဆင်းရ၏။ အိမ်သန့်ရှင်းရေးလုပ်နေတဲ့အလုပ်သမားတွေရဲ့ အကဲခက်သလိုအကြည့်တွေ၊ တီးတိုးစကားသံတွေကိုသိနေ၊ကြားနေရသော်လည်းသူတို့ဘာကြောင့်ယင်းသို့ပြုမူနေမှန်းမသိချေ။

ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့အတူထမင်းစားခန်းကိုဦးတည်တော့၊ ချက်ပြုတ်နေကြတဲ့အိမ်အကူအမျိုးသမီးများကလူကိုမြင်တာနဲ့ အထူးအဆန်း​ကြည့်လာကြပြန်သည်။ ဘာတွေထူးဆန်းနေလဲမသိတာအမှန်ဖြစ်လို့ အပေါ်ထပ်ကြောင်အိမ်အဆင့်ထဲမှဆေးဘူးအားခြေဖျားထောက်လို့မမှီမကမ်းလှမ်းစမ်းသည်။

အနားကိုကပ်ရနိုးမကပ်ရနိုးတွန့်ဆုတ်တွန့်ဆုတ်လုပ်နေကြသည့်အိမ်အကူတွေကိုလှည့်ကြည့်ရင်း ကြည့်ရင်းမှ၊ မိုက်ခနဲဖြစ်သွားသောခေါင်းကြောင့် ဆွဲမိဆွဲရာကြောင်အိမ်အတွင်းပစ္စည်းတွေကိုဆွဲမိပြီးလဲကျသွားတော့၏။

လေနှင်ရာ (completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ