( အခန်း၄)

1.2K 124 63
                                    

Zawgi
__________

အဝတ်အစားတွေရှိသော Center ဘက်ကို ကလေးရဲ့လက်ကလေးအားဆွဲလို့လျှောက်လာခဲ့သည်။ နှေးနှေးသာလျှောက်နိုင်သည့်ကလေးအတွက်ခြေလှမ်းတွေကိုစိပ်နိုင်သလောက်စိပ်ပေးသည်။

ဖြတ်သွားဖြတ်လာလူများကိုလည်ပြန်လိုက်ကြည့်တတ်တဲ့ကလေးလေးကြောင့် ခေါင်းလေးကိုကိုယ့်ရင်ဘက်နှင့်ထိကပ်စေလို့ အများရဲ့ငြိုငြင်မှုထံမှကာကွယ်ပေးသည်။

ကိုယ်ကတော့ mask တက်ထားသည်မို့ မည်သူမှ ဗန်တီလိုင်လာမှန်းမမှတ်မိ။ သို့ပေမဲ့ အများနှင့်ကွဲထွက်နေသည့်ကလေးရဲ့ပုံစံလေးကြောင့် တချို့ကပြုံးပြလို့ အားမငယ်ဖို့သဘောနှုတ်ဆက်ကြသေးသည်။

ဒါဟာအနောက်နိုင်ငံတို့ရဲ့ အားပေးမှုတစ်စိတ်တစ်ပိုင်းဖြစ်၏။

ဒီလိုနှင့် သဘောကျသည့်ဆိုင်တစ်ဆိုင်ဝင်လိုက်သည်။

" ကြိုဆိုပါတယ်Mr. ဘယ်လို Fashion မျိုးပြပေးရမလဲရှင့်"

ဆိုင်ရဲ့ဝန်ထမ်းဖြစ်တဲ့ ရွှေအိုရောင်ဆံပင်နှင့်ကောင်မလေးတစ်ယောက်က ထွက်ကြိုဆိုသည်။

" ဆယ်ကျော်သက်အရွယ်ဟူဒီအပွမျိုးရှိနိုင်မလား။ "

ကလေးရဲ့ခေါင်းလေးကိုပုတ်ပြီးထိုကောင်မလေးကိုမေးလိုက်တော့။

" ဟုတ်ရှိပါတယ် ကျွန်မနဲ့လိုက်ခဲ့ပေးပါ။"

" ဟုတ်... လာကလေး ကိုယ်နဲ့လိုက်ခဲ့။"

ဝန်ထမ်းမလေးရဲ့အနောက်ကိုကလေးနှင့်အတူလိုက်သွားတော့ ရောင်စုံဟူဒီမျိုးစုံကစောင့်ကြိုလို့နေသည်။

" ဒီမှာပါရှင့်..... စိတ်ကြိုက်ရွေးလို့ရပါတယ်နော်။"

ဝန်ထမ်းမလေးရဲ့အပြောကိုခေါင်းညိတ်ပြ၍ ကလေးဘက်လှည့်မေးလိုက်သည်။

" ဘယ်ဟာကြိုက်လဲကလေး။ ခေါင်းစွပ်ဟူဒီလား ဇစ်ပါတဲ့ဟူဒီလား။"

" ကိုကို...ရွေးပေး"

" ကိုကိုရွေးပေးရမှာလား ဟုတ်ပြီလေ။ ဒါဆို...... ညီမရေ အကိုတို့ကို ဒီခေါင်းစွပ်ဟူဒီအရောင်စုံထုပ်ပေးပါ။"

" ဟုတ်ကဲ့ရှင့် နောက်ဘာယူဦးမလဲ။"

" အမ်..... ချည်သားထဲက ဘောင်းဘီအတိုကို ရောင်စုံထုပ်ပေး...ဒါပါပဲ။"

လေနှင်ရာ (completed) Donde viven las historias. Descúbrelo ahora