( အခန်း ၅၇)

830 60 24
                                    

ဝန်ကြီးချုပ်ပိုင်အပန်းဖြေစံအိမ်အတွင်းအရှိန်ဟုန်နှင့်ဒုန်းဆိုင်းမောင်းလာပါသောကားတစ်စီးဟာခြံထဲမှာပဲထိုးရပ်ပြီးလူကတော့အိမ်အတွင်းပိုင်းသို့ပြေးဝင်သွားသည်။ မည်သူမှမရှိသည့်ဧည့်ခန်းကြောင့်ဘေးဘီကိုဝေ့ဝိုက်ကြည့်ရင်းခေါ်လိုက်၏။

" ကလေး...ကလေး!"

ပြန်ဖြေသံမကြားတဲ့နောက်အိမ်အပေါ်ထပ်အခန်းဆီတက်သွားသည်။ အခန်းထဲမှာလည်းမရှိတာမို့အိမ်အနောက်ဘက်ခြမ်းကိုပြန်သွားလေသော် ဝူဆောင်းတို့နဲ့ဝိုင်းဖွဲ့ပြီးအရုပ်များစွာချ၍ဆော့ကစားနေသောကလေးငယ်အားတွေ့သည်။

ထို့ကြောင့်​မြေပြင်ပေါ်ပုံပုံလေးထိုင်ပြီး အရုပ်တွေနဲ့ကစားနေတဲ့ကလေးအနားသွားကာလက်ကောက်ဝတ်မှဆွဲလိုက်သည်။

" ဟင်...Da..ddy"

" ကိုယ်နဲ့လိုက်ခဲ့"

" ဘယ်သွား..သွားမှာလဲ...Daddy"

" ဒီအတိုင်းတစ်နေရာပေါ့...ကိုယ့်အတွက်အရေးကြီးတာမလို့ခဏလောက်လိုက်ခဲ့နော်ကလေး။"

ထိုသို့ပြောတော့မျက်နှာသေလေးဖြင့်တွဲထားရာလက်ကိုအားယူပြီးထရပ်သည်။ လက်ကလေးနှစ်ဖက်ဆန့်တန်းပေးခြင်းကသူ့ကိုချီခေါ်ပါပေါ့။ ဒါကြောင့်ကိုယ်လေးကိုဆွေ့ခနဲပွေ့ချီရင်း ဝူဆောင်းတို့ကိုတောင်အရေးမလုပ်နိုင်ပဲခြေလှမ်းကျဲတွေနဲ့ပြန်ထွက်လာခဲ့သည်။

ကားထဲရောက်တာနဲ့ထိုင်ခုံခါးပတ်သေချာပတ်ပေးပြီးနဖူးပြင်ငယ်ထံအနမ်းတစ်ပွင့်ခြွေမိသည်။ ပြူးပြူးလေးကြည့်လျက်ဖျော့ရွဲစွာပြန်ကြည့်လာသည့်အခါ သနားဂရုဏာများကအတုံးအရုန်းပင်။

အချိန်တွေဆွဲလို့မဖြစ်တာမို့ကားစက်နှိုးကာဆေးရုံကိုတစ်ဖန်ဦးတည်သည်။

ကလေးကိုအားနာပေမဲ့၊ ရင်သွေးငယ်သာတကယ်မရှိလျှင်ဝမ်းနည်းရပေမဲ့ တစ်ဆက်တည်းမှာပဲ ကိုကို့ဆီမှခွင့်လွှတ်မှုကိုပြန်ရနိုင်တဲ့အတွက်ဝမ်းသာမိသည်။

ကိုကိုနေပြန်ကောင်းလာလျှင်စိတ်တစ်ချက်မကွက်အောင်ထားပါမည်။ ကလေးအားကျွန်တော့်ရင်ခွင်ရိပ်ထက်ပိုမိုလိုခြုံသောဌာနေ၌ထားစေ၍အဝေးကပဲစောင့်လျှောက်ပါမည်။ ကျွန်တော်သည်ကိုကိုတစ်​ယောက်တည်းအတွက်ပဲဖြစ်စေရပါမည်။ မေတ္တာသည်ဝေးနေရလည်းအေးတာမို့ ချစ်တာဟာပူပြင်းတာကြောင့်ပိုးဖလံငယ်ငယ် အသက်ကယ်သလိုမီးစငယ်ထံမှာပဲခစားပါမည်။ ထိုအရာများကားကျွန်တော်၏ပြတ်သားသောဆုံးဖြတ်ချက်ပေတည်း။

လေနှင်ရာ (completed) Donde viven las historias. Descúbrelo ahora