( အခန်း ၅၅)

585 54 36
                                    

ဆေးဖြူဖြူတို့ရေးခြယ်ရာကုသဆောင်ကြီး၏လူနာစောင့်ခုံတန်းတွေရှေ့ ဖြတ်လျှောက်နေသည်မှာအကြိမ်ကြိမ်ဖြစ်လေသည်။

ခုံတန်းပေါ်တွင်အခြားလူနာစောင့်များနဲ့အတူထိုင်စောင့်နေသည့် ကလေးငယ်နှင့် ဘေးတွင် မိခင်ဖြစ်သူတို့ရှိသည်။ အလှည့်မကျသေးတာကြောင့်စောင့်ဆိုင်းရတာပြဿနာမဟုတ်။ အကယ်၍ အလှည့်ကျပြီးဆေးစစ်ချက်ရလျှင်ထွက်လာမယ့်အဖြေကသာပြဿနာဖြစ်သွားနိုင်သည်။

စိတ်လှုပ်ရှားခြင်းကြောင့်လက်သည်းများကိုတိတိကိုက်ရာ သွေးပင်စို့ချေ ပြီ။ ဒါကိုလည်းသူမသိနိုင်။ သူသိတာမောင့်ရဲ့သစ္စာတရားကဤမျှလောက်ဈေးမပေါဘူးဆိုတာပင်။

မောင်ကငါ့ကိုဘယ်လောက်တောင်ချစ်လိုက်သလဲ။ ပြီးတော့ငါကမောင့်ရဲ့အချစ်ဦး...မောင်ရူးခဲ့တဲ့ပထမဆုံးလူသားပဲ။

" လူနာ ဂျွန်ဂျိုးဇက်အလှည့်ကျပါပြီ"

အခန်းထဲမှထွက်လာသောNurse ၏အပြောကြောင့်ချက်ချင်းပင်ကလေးငယ်ရဲ့လက်ကဆွဲ၍ခေါ်သွားသည်။ ဘေးမှာရှိတဲ့မိခင်ဖြစ်သူကိုလည်းအတူခေါ်ရန်စိတ်မအားသေး။ အမြန်ဆေးစစ်ပြီးအတည်ပြုချင်သည့်စိတ်ကသာကြီးစိုးသည်။

ဤသို့ဖြင့် ဆေးစစ်ခန်းအတွင်းရောက်သည်ရှိသော်ကလေးငယ်အားဆရာဝန်နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်စေ၏။ ဂျောင်ဂုကဘေး မှာရပ်တော့အပြင်ကမိခင်ဖြစ်သူကပါဝင်လာသည်။

" ဒေါက်တာ သူ့မှာကိုယ်ဝန်ရှိမရှိစစ်ပေးပါ"

" အာ...Tomboy လား"

" မဟုတ်ဘူး ယောကျာ်းလေး။ စစ်ပေးပါ ကျေးဇူးပြုပြီးအဖြေသိရမှဖြစ်မှာမလို့ပါ။ ဒေါက်တာကျွန်တော့်ကိုကူညီပေးပါ။"

ဂျောင်ဂု၏အပြောကြောင့်ဂျိုးဇက်အားယောကျာ်းလေးဟုမထင်၍ပြန်မေးသော်အဖြေက ဆရာဝန်အတွက်ပိုခေါင်းခြောက်ဖွယ်ကောင်းသွားသည်။

ဘယ်လိုစကားရှာရမလဲခေါင်းကုတ်ခြေကုတ်နဲ့တွေးတောနေစဥ်မှာပဲ မိခင်ဖြစ်သူမှ၎င်းဆရာဝန်ကိုဝင်ပြောလာသည်။

" စစ်ဆိုစစ်ပေးလိုက်ပေါ့...ကျွန်မဘယ်သူလဲမသိဘူးလား။ ဝန်ကြီးချုပ်ဖော့ထ်လိုင်လာရဲ့မိသားစုကိုတောင်ငြင်းရဲတယ်ဆိုတော့ရှင့်သတ္တိကပြောင်လှချည်လား။"

လေနှင်ရာ (completed) Donde viven las historias. Descúbrelo ahora