( အခန်း၁၉)

599 78 42
                                    

Zawgi
_______

ရေပန်းမှကျလာသောရေသံများသည်နားစည်အတွင်ကြီးစိုးလျက် ထိုင်ချထားခြင်းကြောင့်ကြမ်းပြင်၏အအေးဓာတ်ကခန္ဓာကိုယ်သို့ကူးလူးသည်။အဖြူအမဲရောစပ်နေပြီဖြစ်တဲ့ဆံနွယ်ရှည်တွေကလည်းထုံးဖွဲ့ထားခြင်းမှပြယ်လျော့နေပြီး ရေစက်များနှင့်အတူစီးကျလာသည့်မျက်ရည်တို့ကြောင့်မျက်ဝန်းနက်တွေမှာနီဆွေးချေပြီ။

အချိန်ကြာကြာရေနူးထားသည်အတွက်ပြာနှမ်းနေသောနှုတ်ခမ်းများကတုန်ယင်၍ တစ်ကိုယ်တည်းကြားယုံမျှစကားလုံးတို့ကိုရေရွတ်နေမိသည်။

" ငါ့ကြောင့်.......ငါအသုံးမကျခဲ့လို့၊ ငါ့သားတွေ......"

အပြစ်တင်ရေရွတ်လိုက်သည့်စကားများ၌နာကျင်ခြင်းအပြည့်ပါသည်။ မည်သို့ဆိုလျှင် နောင်တဆိုတာနောင်မှရတာပေမို့ သူမ၏လျစ်လျူရှုမှုတစ်ခုအတွက်နှင့်သွေးသားဖြစ်သောသားငယ်၏အသက်မှာသေမင်းနှုတ်ခမ်းဝ၌ရောက်နေလေပြီ။

အဲ့ဒီ့ညကသာဖုန်းမချလိုက်ဘူးဆိုလျှင်၊အဲ့ဒီ့ညကသာ သားကိုသွားထိန်းပေးလိုက်မည်ဆိုလျှင်၊ထပ်ပြီး လိုင့်လာကိုအသိပေးလိုက်မည်ဆိုလျှင်ဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့သားငယ်ဟာယခုလိုအဖြစ်ဆိုးမျိုးကြုံရမည်မဟုတ်။

ရှက်လွန်းလို့ဘယ်လောက်ပဲစွန့်ပစ်မယ်ပြောပြော၊ငါ့သားမဟုတ်တော့ဘူးပဲအခွန်းတစ်ရာဆိုဆိုဘယ်မိခင်ကမှကိုယ့်သွေးသားကိုအမှန်ဧကံမမုန်းနိုင်ပါ။

အခုတော့ သက်သာရဲ့လား၊အန္တရာယ်ရောကင်းပြီလားဆိုတာတောင်သွားမကြည့်ဝံ့။အဘယ်ကြောင့်ဆို ကိုယ့်သားသမီးကိုသေတွင်းအရောက်ပို့ခဲ့တဲ့မိခင်မျိုးကမျက်နှာပြောင်တိုက်ပြီးသွားဖို့ရာခွန်အားမရှိတဲ့အတွက်ဖြစ်သည်။

စိုးရိမ်ပူပန်နေသည့်သားအကြီးကိုတွေ့ပြန်တော့လည်း 'မင်းနဲ့မဆိုင်ဘူး'ဟုမဆိုရက်ချေ။ နှစ်ယောက်လုံးကိုယ့်သွေးနဲ့ဖြစ်တည်လာကြသောရင်သွေးငယ်လေးတွေပေမို့ ထိုမျှလောက်ရက်စက်သည့်စကားမဆိုရက်။ ပတ်ဝန်းကျင်အပြောတွေနဲ့ အရှက်သိက္ခာကြောင့်သာအတွေ့မခံခဲ့ခြင်းဖြစ်သည်။

လေနှင်ရာ (completed) Donde viven las historias. Descúbrelo ahora