နဖူးမှစီးကျလာသောချွေးစတို့ကမီးခိုးရောင်မျက်ဝန်းတွေအတွင်းစီးဝင်သည်။ စီယာတိုင်ကိုလက်တစ်ဖက်နဲ့ထိန်းပြီးကျန်တစ်ဖက်ဖြင့်မျက်နှာရှိချွေးစများကိုခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်၏။
ပဲရစ်ရဲ့အဝေးပြေးလမ်းမကြီးထက်ပြေးလွှားနေသည့်ကားလေးကဦးတည်ရာမဲ့စွာမြို့ပတ်မောင်းနေသလို။ သို့သော် ကားမှတ်တိုင်တွေနှင့် လေယာဥ်ကွင်းရှေ့ကအစအကုန်ပတ်ကြည့်ပြီးသော်လည်းဆုံတွေ့လိုသူမှာအရိပ်အခြေလေးတောင်ရှိမနေပါချေ။
သို့ဖြစ်၍ အချိန်ဆိုတာဖြုန်းတိုင်းမကောင်းတာမို့ ပျိုးထောင်ခဲ့သည့် ဂိုဏ်းထံအတိတ်တစ်ချိန်ကလိုအကူညီတောင်းရန်သွားရပေဦးမည်။
ထို့ကြောင့် Pont des Invalides တံတားကြီးဆီဦးတည်လိုက်သည်။ ကိုကိုကျွန်တော့်ကိုမုန်းနေမှာအတတ်သိသည်။
သစ္စာမရှိတဲ့ကောင်ဆိုပြီးများရင်နာသမှုနဲ့ငိုနေမလား၊ဒါမှဟုတ်လုပ်ရက်လေခြင်းဆိုပြီးများထားသွားပေဦးမလား။
ကျွန်တော်မသိတော့ဘူးကိုကို နှုတ်ကသာချစ်တယ်တဖွဖွပြောခဲ့ပေမဲ့ ရင်ထဲကအနှစ်တွေကိုထုတ်ဖော်မပြနိုင်ခဲ့လို့တောင်းပန်ပါတယ်။ ကျွန်တော်မှားခဲ့ပါတယ်ကိုကို။
ကားကိုအရှိန်တင်မောင်းရင်းတံတားရှည်ကြီးပေါ်တက်သည်။ သို့သော်ငြား တံတားကြီး၏အလယ်တည့်တည့်၌ကားတွေတန်းစီပိတ်ရပ်နေကြသည့်အတွက်ဘရိတ်အမြန်နင်းလိုက်ရသည်။
ကားတာရာနဲ့ကွန်ကရစ်ပြင်တိုက်သံစူးစူးကြောင့် ကားအပြင်ထွက်ကာကျောပေးရပ်နေကြသောလူများအနက်တချို့ကလှည့်ကြည့်သည်။
ဘာတွေများဖြစ်လို့ လူစည်ကားရာယင်းတံတားကြီးပေါ်ကားတွေဆိုင်ကယ်တွေတန်းစီရပ်ထားရသနည်း။ အလျင်လိုတဲ့အတွက်ကားထဲကထွက်ပြီးလမ်းဖယ်ခိုင်းရင်ဆင်းလိုက်သည်။
ဗန်တီလိုင်လာ ဆိုပြီးတစ်ယောက်တစ်ပေါက်လက်တို့ကြည့်လာကြသည်ကိုအရေးမစိုက်နိုင်ပါပဲ နောက်ဆုံးမှာရပ်နေတဲ့အသက်ကြီးကြီးအဖိုးတစ်ယောက်ကိုပြောလိုက်သည်။
YOU ARE READING
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...