( အခန်း ၅၈) ဇာတ်သိမ်းပိုင်း

1.7K 66 30
                                    

" အားးးးးးးး!!!"

" မော်ဒယ်လိုင်လာ!"

" ဟေ့ဟေ့! သတိကပ်ပြီးဝန်ကြီးချုပ်တို့ကိုအသိပေးချည်။ အကူဆရာဝန်နှစ်ယောက်ကငါ့ကိုလာကူဒီမှာနှလုံးပြန်ခုန်လာပြီ။"

ကြောက်မက်ဖွယ်မြင်ကွင်းကြောင့်လန့်ဖျတ်နေကြတဲ့သူနာပြုနှင့်အကူဆရာဝန်များကိုခွဲစိပ်ဆရာဝန်ကြီးကသတိပေးရင်း နှလုံးပြန်ခုန်လာသည့်ဂျောင်ဂုကိုကြည့်ပေးသည်။

ခွဲခန်းအပြင်မှစိတ်တလောလောဖြင့်အခြေအနေကိုမသိသေးပဲစောင့်နေကြသည့်ဝန်ကြီးချုပ်နှင့်ဇနီးက မောဟိုက်စွာထွက်လာသည့်သူနာပြုကိုမြင်တာနဲ့ဝန်ကြီးချုပ်ကဆီးမေးသည်။

" ဘာဖြစ်တာလဲ နှလုံးခုန်စက်သံကြားတယ်။ မဟုတ်မှလွဲရောသားဂျောင်ဂု။"

" ဝန်ကြီးချုပ်....မော်ဒယ်လိုင်လာ..မော်ဒယ်လိုင်လာ"

" ဘာလဲ ဒီကောင်ငါ့သားကိုဘာလုပ်သွားပြန်ပြီလဲ! သူ့ကြောင့်သေသွားရတာတောင်ဘာအနှောင့်ယှက်ပေးပြန်ပြီလဲ!"

Mrs.Lylaဒေါသတကြီးဝင်ပြောသော် သူနာပြုကခေါင်းခါပြရင်းပြောဖို့ရာအားမွေးလိုက်သည်။

" မော်ဒယ်လိုင်လာ Suicide လုပ်သွားတယ်Mrs.Lyla။ လူနာဂျောင်ဂုကရုတ်တရက်ကြီးနှလုံးပြန်ခုန်လာတာ။"

" ဘာ! "

" ဗန်တီ!"

သားရဲ့အမည်အား တ လျက်ခွဲခန်းအတွင်းဝင်သွားသည့်ဝန်ကြီးချုပ်က အနည်းငယ်လျော့တွဲနေပြီဖြစ်သောပါးပြင်တွေပါတဆတ်ဆတ်တုန်နေသည်။ Mrs.Lylaပါအတူလိုက်ဝင်သွားသော် သွေးအိုင်ထွန်းနေသည့်ခန္ဓာကိုယ်နှင့်ဂျောင်ဂုရှိရာဆီအကြည့်မပြတ်တဲ့မျက်ဝန်းတွေကဆီးကြိုသည်။

" ဗန်တီ....သား...."

" ဝန်ကြီးချုပ် မော်ဒယ်လိုင်လာ့ကိုမထိပါနဲ့နောက်ဆုတ်ပေးပါ။ စစ်ဆေးချက်ထုတ်တဲ့အခါခန္ဓာကိုယ်မူပျက်သွားနိုင်လို့ပါ။"

ဂျောင်ဂုအား အောက်ဆီဂျင်ပိုက်တွေပြန်တပ်ပေးရင်းအလုပ်ရှုပ်နေသည့်ခွဲစိပ်ဆရာဝန်ကြီးဘေးက အကူခွဲစိပ်ဆရာဝန်ကဝန်ကြီးချုပ်အားသတိလှမ်းပေးသည်။

လေနှင်ရာ (completed) حيث تعيش القصص. اكتشف الآن