( အခန်း၁၀)

863 113 35
                                    

Zawgi
_______

မြို့အနှံ့တွင်ဖြန့်ကြပ်နေသောလက်တွင်အနီရောင်မီးတောက်ဓားတက်တူးရှိသောလူတို့နှင့်တခြားသူတို့ကဲ့သို့လူများသည်လူမသိသူမသိ တစ်စုံတစ်ရာအားအသည်းအသန်ရှာနေသည်။ သူတို့၏နားတစ်ဖက်တွင်ထည့်ထားတဲ့ဆက်သွယ်ရေးကိရိယာကိုဖိထောက်ရင်းတစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်ကြသည်။

ထိုမှ လေလှိုင်းထဲ၌ပျံ့လာသောယောကျာ်းသံနှင့်ဆင်သည့်အသံကြောင့်ထိုနေရာအနှံ့ဖြန့်ကြပ်နေတဲ့လူတို့မှာသေချာအာရုံစိုက်နားထောင်ကြသည်။

" ရထားတဲ့သတင်းအရဆို မော်ဒယ်ဗန်တီလိုင်လာ့ကိုသေချာစောင့်ကြည့်ရမယ်။ ပြီးတာနဲ့ကောင်လေးသူ့ဆီမှာရှိလားမရှိသေချာအကဲဖြတ်။ တွေ့တာနဲ့အလစ်မှာဖမ်းခေါ်ခဲ့ကြ။"

ဤစကားသံကြောင့်ရှူတင်ရိုက်ကွင်း၌သန့်ရှင်းရေးလုပ်နေသောလူများထဲမှ လက်တွင်အနီရောင်မီးတောက်ဓားတက်တူးရှိသူကသေချာမှတ်သားထားလိုက်သည်။

ပြီးသည့်အခါ ရှူတင်ရိုက်ကွင်းနှင့်မျက်နှာချင်းဆိုင်ရှိ kid center တွင်ဈေးဝယ်ဟန်လုပ်နေကြတဲ့လူတချို့မှာလည်းထိုနည်းလည်းကောင်းပင်။

မကြာပါ ရှူတင်ရိုက်ကွင်းလုပ်မယ့်အဆောက်အအုံရှေ့တွင် နက်ပြာရောင်Bugatti Centodieci ကားလေးရောက်တာနှင့်ထိုလူတို့ရဲ့အာရုံကပိုသတိရှိသွားသည်။

ထိုကားအတွင်းမှ ကလေးလေးအားပွေ့ချီရင်းထွက်လာသည့်ထယ်ယောင်းကိုတွေ့သော်သူတို့ရဲ့သတင်းပို့မှုစတင်လေသည်။

" သေချာပါပြီမမ ဂျွန်ဂျိုးဇက်ကမော်ဒယ် လိုင်လာ့ဆီမှာပါ။"

" ဟမ့်....ဒါဆိုအစီစဉ်စကြတော့"

" ဟုတ်ကဲ့"

ပြေးမလွတ်သောအန္တာရာယ် ရှောင်လွှဲမရသောရန်သူနှင့် ထိပ်တိုက်များတွေ့ပါလျှင်ထိုကလေးလေးမည်သို့ပင်နေလေမည်နည်း။ သူကိုယ်တိုင်တောင်မသိသေးတဲ့သူ့အကြောင်းတွေကိုသိထားပြီးသူ ထိုပေါင်မောက္ခကရော ကလေးလေးအားတစ်စုံတစ်ယောက်၏ရင်ခွင်မှဆွဲထုတ်နိုင်မည်တဲ့လား။

_______

သူ့ကလေးလေးကိုပွေ့ချီရင်းဝင်လာသည့်ထယ်ယောင်းကို ရိုက်ကူးရေးအဖွဲ့များကအလန့်တကြားကြည့်သည်။အဘယ်ကြောင့်ဆို ထယ်ယောင်းဟာအောင်မြင်နေပြီဖြစ်နဲ့မော်ဒယ်တစ်ယောက်မို့ ယခုလိုမဆင်မခြင်ဝင်လာပါလျှင်သူတို့အေဂျင်စီအတွက်အထိအခိုက်များနိုင်သည်ကြောင့်ပင်။

လေနှင်ရာ (completed) Donde viven las historias. Descúbrelo ahora