Zawgi
_______အငှားအိမ်အကူကဖုန်းနဲ့ဆက်သွယ်လာခြင်းကြောင့် အိမ်ကကားနဲ့
RuMe ပုဂ္ဂလိဂဆေးပေးခန်းသို့အမြန်ပြေးရတော့သည်။ အိမ်ကဒရိုင်ဘာအား အရှိန်တင်မောင်းဖို့ပြောရင်းအတင်းလောလံမိသည်။အိမ်အကူပြောသွားသည့်စကားများအနက်" ဂျိုးဇက်လေးဆီကိုမော်ဒယ်ဗန်တီလိုင်လာရောက်လာတယ်" တဲ့။ စိုးထိတ်သွားတဲ့ရင်တွေကစည်းချက်မညီတဒိတ်ဒိတ်ဖြင့်။
ကျွန်တော်ကလွဲ၍တခြားသူစိမ်းလာတွေ့ပါလျှင်အကြောင်းကြားဟုပြောခဲ့ခြင်းကြောင့်သူမလိုက်နာတာကိုသိပေမဲ့ မောင်ဆိုသောဝင်္ကဘာငယ်ကထိုကလေးငယ်ဆီရောက်လာချေပြီ။
မှတ်မိသွား၍မြေလှန်ရှာခဲ့သည်လားမတွေးဝံ့။ မောင်သာအလိုရှိမည်ဆိုပါကလက်ဖြောက်ကလေးတစ်ချက်တီးလိုက်ရုံနဲ့အရာရာဖြစ်နိုင်သည်။
ကားရပ်တာနဲ့ဆေးပေးခန်းအတွင်းဒုန်းဆိုင်းပြေးဝင်သွားတဲ့ကျွန်တော့်ကို ဆရာဝန်တွေနှင့်လူနာ၊လူနာစောင့်များကထူးဆန်းသလိုကြည့်သည်။ ဒီအကြည့်တွေကိုအရေးတယူလုပ်မနေနိုင်တော့တဲ့အထိကျွန်တော့်ရင်တွေပူလောင်နေ၏။
အဲဒီကလေးကိုလျို့ဝှက်ထားတာရက်ပိုင်းသာရှိသေးပေမဲ့အခုတော့ဖြင့်မောင်နဲ့မျက်နှာချင်းဆိုင်ပြီးလေပြီ။ အိမ်အကူပြောခဲ့သည့်အခန်းဘက်ရောက်သော် တံခါးပိတ်မထားတဲ့အတွက်ကသောကရောဝင်လာလိုက်သည်။
တဒုန်းဒုန်းပြေးသံကြောင့်ကြည့်လာသည့်လူများထဲမောင့်ရဲ့အံ့ဩတကြီးအကြည့်တွေပါ,ပါသည်။ ဘာမှမပြောနိုင်သေး ၊ အသက်ရှူသံတွေမူမှန်ဖို့ရာထိန်းသိမ်းနေရသည်။
ကျွန်တော့်ထံလျှောက်လာသည့်ခြေလှမ်းတွေ၊ ခပ်စူးစူးကြည့်နေသောမီးခိုးရောင်မျက်ဝန်းတွေကအခုချက်ချင်းပင်ခွေလဲကျသွားအောင်စွမ်းဆောင်နိုင်သည်။
ရှင်းပြချင်သည်၊ အရာအားလုံးမောင့်အတွက်ချည်းတွေးပြီးအတ္တဆန်မိတာမလို့ မောင်တို့ချစ်ခြင်းကိုခွဲတာမဟုတ်ကြောင်းရှင်းပြချင်၏။
ရှေ့တည့်တည့်မှာလာရပ်သည့်အခါနှုတ်ခမ်းဖျားတွေထက်အားယူလိုက်ပေမဲ့...။
![](https://img.wattpad.com/cover/330537429-288-k418591.jpg)
أنت تقرأ
လေနှင်ရာ (completed)
أدب الهواةမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...