အိမ်အပေါ်ထပ်မှတဒုန်းဒုန်းပြေးဆင်းလာသူသည် အနက်ရောင် bodyfit T shirtနှင့် အပြဲရာတို့ပါ pantအနက်ပေါ်မှ အဖြူရောင် longcoat ရှည်ကိုပြေးလွှားရင်ဝတ်လာပုံမှာ အလောတကြီး ဖြစ်ဟန်တူသည်။
တုန်ခါလာသည့်ဖုန်းကြောင့်longcoatအိတ်ထဲရှိဖုန်းကိုယူကာကိုင်လိုက်သည်။
" ကျွန်တော်ထွက်လာနေပြီ။ မန်နေဂျာအသစ်ကို အိမ်ရဲ့ locationပြောပြထားတယ်မလား။"
* ..............*
" အင်း ဒါပဲ"
call endသွားသည်နှင့်ခြံအိမ်ထဲကိုဝေ့ဝိုက်ရှာမိသည်။ မနက်ဖြန်ဆိုဒူဘိုင်းသွားရတော့မှာမို့ Entertainment ကအလုပ်ကိစ္စအသေးစိတ်ဆွေးနွေးဖို့ရာလှမ်းခေါ်ခြင်းကြောင့်အလောတကောထွက်လာရခြင်းပင်။
သို့သော် အိမ်ထဲမှာကိုကိုနဲ့ကလေးအားလိုက်ရှာကြည့်တော့နှစ်ယောက်လုံးကိုမတွေ့ပေ။ အချိန်ကလည်းသိပ်မရတော့သည်မို့ ခြံထဲကိုထွက်လာသည့်အခါ၊အားဖျော့ဟန်ရှိသောကလေးငယ်နှင့်အတူကူတွဲပေးသည့်အိမ်အကူမိန်းကလေးများကိုတွေ့သည်။
" ကလေး"
" Da..ddy"
" ကလေးဘာဖြစ်လို့လဲနေမကောင်းဘူးလား။ တစ်ခုခုဖြစ်လို့လား။"
ကလေးငယ်အနားသွားရင်းမျက်နှာလေးကိုဆွဲမော့၍မေးသော် ခေါင်းယမ်းပြပြီးခါးကိုသိုင်းဖက်လာသည်။
" ကြည့်ရတာဖြူဖတ်ဖတ်နဲ့ကွာ ကိုယ်ပြန်လာရင်ဆေးပေးခန်းသွားရအောင်။"
" ဟင့်အင်း"
" ဟိုလေသခင်လေး"
စကားဝင်ဖြတ်တဲ့ဝူဆောင်းကြောင့်ထယ်ယောင်းကြည့်လိုက်သည်။
" အငယ်လေးမနက်ကတည်းကအန်နေတာ။ ခြေဖျားလက်ဖျားတွေလည်းအေးစက်လို့ အအေးပတ်နေပြီလားမသိဘူး။"
" အန်တယ်?"
" ဟုတ်"
" ကျစ်! ကိုယ်ပြောသားပဲကွာ၊အစာမရှိတော့ဖျားလွယ်ပြီပေါ့။ကိုယ့်ကိုကြည့်ဦး။"
မေးဖျားလေးမှဆွဲမော့လျက်အကြည့်ချင်းဆုံခိုင်းသော် အားအင်ဖျော့နွဲ့သည့်မျက်ဝန်းလေးများကသေချာအာရုံစိုက်သည်။
![](https://img.wattpad.com/cover/330537429-288-k418591.jpg)
STAI LEGGENDO
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...