ညမီးရောင်များနှင့်လမ်းဘေးတိရိစ္ဆာန်လေးများသာရှိသောလမ်းမထက် အရှိန်ပြင်းစွာမောင်းနှင်သွားသည့်အနက်ရောင်ကားတစ်ဆင်း။ ထိုကားရဲ့ဦးတည်ချက်ကတော့မောင်းနှင်လာသူရဲ့ကန့်သတ်နယ်မြေသို့ဖြစ်သည်။
ကလေးငယ်အားစိတ်ချရသည့်သူ့ရဲ့ကစားဖော်အိမ်အကူမိန်းကလေးတချို့နှင့်ထားခဲ့၏။ သူမလာမချင်းအခန်းအပြင်မထွက်ခိုင်းရန်၊ ဆေးကအစသေချာလိမ်းပေးရန်နဲ့ထိုကိစ္စအားကာယကံရှင်နှစ်ယောက်နဲ့သူမတို့ကလွဲ၍မသိစေရန်သတိကြီးကြီးပေးခဲ့သေးသည်။
တခြားလူတွေကိုပြန်ပြောခဲ့ရင် သူမတို့မိသားစုတွေရဲ့အသက်ကထယ်ယောင်းလက်ထဲမှာရှိသည်။ ကလေးကိုထားခဲ့ပြီးအခန်းအပြင်ထွက်လာတော့ထိုမိန်းကလေးတစ်သိုက်ရဲ့ယူကျိုးမရငိုကျွေးသံတွေအားကြားဖြစ်အောင်ကြားခဲ့သေး၏။
ဒါတွေအသာထား အခုခြေလှမ်းကလျှို့ဝှက်ချက်များ၏လမ်းစသို့သွားနေခြင်းသာ။ အဝေးပြေးလမ်းမထက် တစ်နာရီနီးပါးမောင်းနှင်ပြီးသော် အလင်းရောင်ပျောက်သည့်အိမ်ကြီးကစောင့်ကြိုနေသည်။
တုံ့ခနဲရပ်သွားတဲ့ကားတာယာနှင့်အတူကားဟွန်းတီးတော့မည်သူမှထွက်မလာ။ အဖန်တလဲလဲတီးတော့မှ ဓာတ်မီးတစ်လက်ဖြင့်ထွက်လာသည့်အဖိုးအိုတစ်ယောက်ကမျက်မှောင်ကျုံ့ကြည့်လာသည်။
ထို့ကြောင့်ကားပေါ်ကဆင်းလိုက်သည်။ လဲဝတ်လာသည့် အနက်ရောင် bodyfit T shirt ပေါ်မှ အနက်ရောင် long coat ကိုတစ်ချက်ပြင်ရင်း Hight Top Sneaker စီးနင်းထားသော အနက်ရောင်pant ဝတ်ထားတဲ့ခြေတံရှည်များကပိတ်ထားတဲ့ခြံတံခါးရှေ့မှာလာရပ်သည်။
" ဘယ်သူလဲကွ ညကြီးမင်းကြီး"
" မျက်လုံးမကန်းသေးရင်သေချာပြန်ကြည့်"
အဖိုးအိုသည်သူ့ရဲ့မှုန်ဝါးဝါးမျက်လုံးတွေထံအားစိုက်ကာ ရှည်လျားသည့်အရပ်ပိုင်ရှင်၏အေးစက်သောမျက်နှာကိုဓာတ်မီးနဲ့သေချာထိုးကြည့်သည်။ ပြူးကျယ်သွားတဲ့တိမ်ဖုံးဆဲဆဲမျက်လုံးတွေကတုန်လှုပ်မှုတွေအထင်းသားပင်။
" သ သခင်လေး"
" တံခါးဖွင့်စမ်း"
" မဖြစ်ပါဘူးသခင်လေး၊ သခင်ကြီးကသခင်လေးလာရင်ဖွင့်မပေးဖို့မှာထားလို့ပါ။"
KAMU SEDANG MEMBACA
လေနှင်ရာ (completed)
Fiksi Penggemarမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...