" ...Da..ddy.. "
မျှော်လင့်ချက်တို့အပြည့်ပါသောခေါ်သံကြောင့်ရင်ဘက်ကြီးတစ်ခုလုံးထိတ်ခနဲဖြစ်သွားသည်။ ထိုနေရာမှာတင်တောင့်ခဲပြီးခေတ္တရပ်နေမိ၏။
ညမီးရောင်မှိန်မှိန်သာရှိသောအခန်း၌အိပ်ယာပေါ်တင်ပျဥ်ခွေထိုင်နေသည့်ကလေးငယ်က ဝက်ရုပ်ကလေးကိုပိုက်ထားသည်။ အမြန်အကြည့်လွှဲလို့ ယိမ်းယိုင်တဲ့ခြေလှမ်းတွေနှင့်အခန်းထဲဝင်ပြီး မီးအိမ်တင်စင်ရှေ့ဒူးထောက်ထိုင်ချကာ အံဆွဲကိုဝုန်းခနဲဆွဲ၍ကားသော့လိုက်ရှာ၏။
မဖြစ်...သူဒီကလေးကိုကြည့်မိလို့မဖြစ်ချေ။ အခုချိန်ကတွေ့သမျှလူပေါ်မှာအရိုင်းစိတ်တွေထပ်သွားနိုင်တာမို့ ထိုကလေးငယ်အပေါ်အကြည့်ရောက်လို့မရပါ။ နောက်ပြီး အသက်မပြည့်သေးတဲ့ကလေးငယ်တစ်ယောက်နဲ့ ကိုယ်လိုအန္တရာယ်ကအချိန်ကြာကြာအတူရှိနေလို့မရ။
သို့ဖြစ်သောကြောင့် အဆွဲထဲရှိပစ္စည်းများကိုဖွကျဲရင်းကားသော့ကိုသဲကြီးမဲကြီးလိုက်ရှာသည်။
" Daddy ဘာ...ဘာဖြစ်..လာ..တာ..လဲဟင်"
" မထိနဲ့!"
" အင့်! ...Da.ddy.."
အိပ်ယာပေါ်ကထလာပြီးပခုံးပေါ်တင်လာသည့်လက်ကလေးကိုခပ်ကြမ်းကြမ်းပုတ်ထုတ်လိုက်တော့နောက်ကိုဖင်ထိုင်လျက်လဲကျသွားသည်။ ကြောက်ရွံ့ဝမ်းနည်းသောမျက်ဝန်းလေးများက ညမီးရောင်အောက်မှတလက်လက်နှင့် ခြေတော်တင်ချင်ဖွယ်ကောင်းအောင်ချစ်ဖို့ကောင်းလွန်းသည်။
သို့သော် ခေါင်းကိုခပ်ကြမ်းကြမ်းယမ်းပစ်လိုက်ပြီး ပြင်းရှရှအသက်ရှူသံတွေအားထိန်းကာသတိပေးစကားပြော၏။
" ထွက်သွား....အခန်းထဲကထွက်သွား"
" ဒါ..ဒါပေမဲ့...Daddy..နေ..မကောင်း..ဘူး"
" ကိုယ်ဘာမှ...ဟာ့!... မဖြစ်ဘူး။ ထွက်သွားဂျွန်ဂျိုးဇက်!!!"
တင်းခံထားသည့်စိတ်များကြောင့်နားထင်ကြောတွေတောင့်တင်းလေပြီ။ ကျယ်လောင်စွာအော်လိုက်သည့်အသံနက်နက်ကြောင့် ကိုယ်လေးတုန်တက်သွားတာသာသိလိုက်ပြီး ကျောပေးကာထရပ်လို့ကားသော့ကိုပဲဆက်ရှာနေတဲ့အတွက်ကလေးငယ်ထံအာရုံမစိုက်အားသေး။
![](https://img.wattpad.com/cover/330537429-288-k418591.jpg)
ESTÁS LEYENDO
လေနှင်ရာ (completed)
Fanficမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...