" အမေ...."
အခန်းတံခါးကိုအသံတိတ်ဖွင့်ဝင်လာသည့်ဂျောင်ဂုကြောင့်ပြတင်းပေါက်ဘေးတွင်ခုံတစ်လုံးနှင့်စာအုပ်ဖတ်နေရာမှလှည့်ကြည့်သည်။
ကျားခေါင်းပုံပါ အဝါရောင်T shirtအင်္ကျီအပွရှည်နှင့်အောက်က pantအတိုကိုတွဲဝတ်ထားသည်ထင်၊ pantကအင်္ကျီအောက်ရောက်တဲ့အထိတိုနေတော့ပေါင်တံဖွေးဖွေးလေးကိုအထင်းသားမြင်နေရသည်။ လက်မြှောက်လိုက်ကာမှမြင်တွေ့ရတဲ့pantအတိုက အသားရောင်ဖြစ်သည်။ Sneaker အဖြူစီးထားတာကြောင့်ဒီကောင်လေးတစ်ခုခုတော့ထူးနေလေပြီ။
ထိုကောင်လေး ဒီလိုတွေမဝတ်တာနှစ်ပေါင်းများစွာကြာလှချေ၏။ အခုမှဘယ်လိုစိတ်ကူးနဲ့များဝတ်ချလာရသလဲ။
" ဘာလဲ"
" ကျွန်တော်သူနဲ့အတူ shootingလိုက်သွားမလို့။ အဲဒါ အမေပါအတူလိုက်ခဲ့ချင်လား၊ အန်ကယ်လိုင်လာကဒီနေ့လည်းအလုပ်မှာရောက်နေပြန်တာဆိုတော့လေ။"
" မကောင်းတတ်တဲ့စိတ်နဲ့လာခေါ်မနေနဲ့ဂျောင်ဂု၊ ငါ့ကိုတစ်ယောက်တည်းလွှတ်ထားပေး။"
ခပ်မာမာပြောလိုက်သည်ကြောင့်ဂျောင်ဂုသက်ပြင်းချလိုက်သည်။
" တစ်ယောက်တည်းပျင်းနေမှာစိုးတာကျွန်တော့်စေတနာ့မှန်ပါ။ အမေမလိုက်ချင်လည်းအတင်းမခေါ်တော့ပါဘူး။ သွားလိုက်ပါဦးမယ်။"
ခေါင်းငုံ့အရိုသေပေးပြီးအမေ့အခန်းထဲကထွက်လာလိုက်သည်။ ဒီနေ့မောင့်ရဲ့ကြော်ငြာshootingရှိတဲ့အတွက်နေ့လယ်ပိုင်းတွင်အလုပ်သွားဖို့ရှိသည့်မောင့်အားလိုက်ချင်တယ်ပြောခဲ့ခြင်းဖြစ်သည်။
မညည်းမညူခေါ်သွားပေးတာဖြစ်လို့ မဝတ်တာကြာပြီဖြစ်သောအဝတ်အစားဒီဇိုင်းတချို့ကိုပြန်ဝတ်ဖြစ်သည်။ လွန်ခဲ့တဲ့ ၄, ၅နှစ်နဲ့ကအသက်အရွယ်ကွာခြားသွားပေမဲ့ မောင့်အနားမှာရှိနေရမည့်ကျွန်တော်ကအနည်းငယ်တော့အလှအပလေးပြင်ချင်သေး၏။
ထို့ကြောင့် ခပ်အုပ်အုပ်ဆံပင်တို့အားနားတစ်ဖက်ရှိဆံစကိုသယ်သပ်ရင်း ခြံရှေ့မှာမန်နေဂျာလာခေါ်သည့်ကားပေါ်ကစောင့်နေပြီဖြစ်သောမောင့်ထံလျှောက်လာလိုက်သည်။
![](https://img.wattpad.com/cover/330537429-288-k418591.jpg)
YOU ARE READING
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...