Zawgi
_________ဆောင်းည၏နှင်းမှုန်အေးအေးက ရင်ခွင်နွေးနွေးအားမည်သည့်နည်းနှင့်ဖြိုခွဲနိုင်မည်နည်း။ တသိမ့်သိမ့်တုန်နေသောကိုယ်လေးကို ဖက်ထားသည်တိုင် ရှိုက်သံသေးသေးလေးများထွက်နေသည်။
ထိုရှိုက်သံများကြားမှ " ကျေးဇူးတင်ပါတယ်ညီလေး" ဟူသည့် စကားသံလေးဟာလည်းရောယှက်လျက်ရှိသည်။ ရင်ဘက်ရှိအင်္ကျီစအား အားကိုးတကြီးဆုပ်လို့ မျက်ရည်ဥတို့မြေခနေသူအား သူမည်သည့်နည်းနှင့်တောင်းပန်ရမလဲမသိတော့ချေ။
ကိုယ်ပေါ်ရှိ long coat ကလည်းထိုလူသားလေးထံပေးလိုက်ပြီမလို့ ကျောထဲထိစိမ့်အေးသည်။ သို့ပေမဲ့ အငိုမတိတ်သေးသူကြောင့် တောင့်ခံနေမိပါ၏။
" တိတ်တော့နော် ကျွန်တော်ရောက်လာပြီပဲ"
တုန်ယင်နေသော ကျောပြင်လေးအားအသာပွတ်လို့ပြောလိုက်သည့်အသံဟာ အအေးဒဏ်ကြောင့်တုန်နေလေပြီ။
" ကျေးဇူး...အဟင့်...ကျေးဇူးတင်ပါတယ်ညီလေးရယ်"
" အင်း......ကျွန်တော်စကားတွေလွန်ခဲ့တာမလို့ကျေးဇူးမတင်ပါနဲ့။ ကျွန်တော်မသိခဲ့တာမလို့ခွင့်လွှတ်ပေးပါ။"
ခယသံနှင့်ပြောတော့ ခေါင်းအတွင်တွင်ယမ်းရင်း ရင်ခွင်ထဲမှထွက်လေသူက မျက်ရည်များအားလက်ခုံနှင့်သုတ်သည်။ ပြီးမှ အနွေးထည်မပါသည့်ထယ်ယောင်းကိုမြင်၍ အလျင်အမြန်ပဲသူ့အပေါ်ရှိlong coatကိုချွတ်ရန်ပြင်တော့သည်။
" ညီလေး မင်းရဲ့အင်္ကျီ"
" ရတယ် ကိုကိုပဲ ခြုံထားပါ။ ကျွန်တော်ကားပါတာမလို့ အထဲကျရင်နွေးသွားလိမ့်မယ်။ အိမ်ပြန်ကြရအောင်။"
ပြဿနာတို့မဖြစ်ခဲ့သလိုပင် ပြောနေတဲ့ထယ်ယောင်းကြောင့်အနည်းတော့အနေခက်ပါသည်။ သို့သည်တိုင် ညီဖြစ်သူကလက်ခံပြီမလို့ပျော်ရွှင်ရ၏။
ထို့နောက် ခပ်လှမ်းလှမ်းရှိပလပ်ဖောင်းဘေးတွင်ရပ်ခဲ့သော ကားရှိရာရောက်တာနှင့် အနွေးပေးစက်အား မြှင့်ရင်းအိမ်ကိုဦးတည်လိုက်သည်။
အိမ်ပြန်ရောက်တော့ အမေက ကိုကို့အား ဖက်ပြီးရှိုက်ကြီးတငင်ငိုပါသည်။ ဖေဖေကတော့ ကျွန်တော့်ပခုံးအားပုတ်ကာနှစ်သိမ့်ပေး၏။ ထိုသည်ဖြင့် နားလည်ရခက်သောပြဿနာများကိုသဘောထားကြီးပေးလိုက်သော်အရာရာဟာ လွယ်ကူနေပါသည်။
YOU ARE READING
လေနှင်ရာ (completed)
Fanfictionမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...