( အခန်း၄၀)

677 66 32
                                        

နေ့လယ်ပိုင်းအချိန်ဖြစ်၍ ကိုကို က သူ့ သူငယ်ချင်းကိုလေယာဥ်ဆိပ်မှာနှုတ်ဆက်ဖို့သွားသည်။ တစ်ယောက်တည်းမလွှတ်လိုက်ချင်ပေမဲ့ ကျွန်တော့်၌လည်းကလေးငယ်ကိုကြည့်ပေးရမယ့်ဝတ္တရားရှိနေတော့လိုက်သွားလို့မရပါချေ။

တစ်နေကုန် ကိုကို့အနားတွယ်ကပ်နေပြီးကလေးဘက်ကိုစိတ်မရောက်မိတော့အခုမှာဖြင့် အိမ်အနှံ့ပတ်ရှာနေရလေပြီ။

" ကလေး.......ကလေးရေ...."

အိမ်အနောက်ဘက်မှာလည်းမရှိတာကြောင့် ကျစ်သပ်ရင်း အိမ်အရှေ့ဘက်ကိုပြန်လှည့်လာခဲ့သည်။ သို့သည်အတွက် ခြံထဲမှာမြက်ရိတ်နေသော အိမ်အကူအမျိုးသားထံသွားမေးလိုက်သည်။

" အစ်ကို ဂျိုးဇက် ကိုမြင်မိသေးလား"

" အော် သခင်လေး၊ ဂျိုးဇက်ကခြံဘေးကပန်းသီးပင်အောက်မှာအိပ်နေတယ်။ ကောင်မလေးတွေလည်းအဲဒီမှာစောင့်ပေးနေပါတယ်သခင်လေး။"

" ဟုတ်ပြီဟုတ်ပြီ"

ခြံဘေးကပန်းသီးပင်ဆိုတာနဲ့ချက်ချင်းပင် ခြံအပြင်ကိုထွက်လာလိုက်သည်။ ယင်းပန်းသီးပင်ကဘေးတစ်ခြံကျော်က မြေရောင်းဖို့သီးသန့်လုပ်ထားတဲ့ခြံထဲရှိအပင်ဖြစ်သည်။ မျက်နှာချင်းဆိုင်အိမ်ကပျိုးပေးထားတာကြောင့်ကောင်းကောင်းရှင်သန်နေခြင်းဖြစ်သည်။

ကလေးငယ်ဘယ်တုန်းကများခြံအပြင်ထွက်သွားလဲမသိပေမဲ့ အိမ်အကူတွေပါသွားလို့တော်သေးတယ်ပြောရမည်။

ခြံဘေးကမြေဝိုင်းအလွတ်ထံရောက်တော့ အလယ်မှာထီးထီးကြီးရှိနေတဲ့ပန်းသီးပင်အုပ်အုပ်ရဲ့အရိပ်အောက်မှာ ခွေခွေကလေးအိပ်နေသောကလေးရယ်၊ ကလေးငယ်ဘေးကနေဝိုင်းပြီးထိုင်စောင့်ကာစကားဖောင်ဖွဲ့နေကြတဲ့ ၅ယောက်ခန့်ရှိသည့်အိမ်အကူတွေရယ်ကိုတွေ့သည်။

သူတို့ထံလျှောက်သွားတော့ အမြန်ထရပ်ကြပြီးအရိုသေပေးလာ၏။

" သခင်လေး"

" ကလေးဒီကိုရောက်နေတာကြာပြီလား"

" ဟုတ်ကဲ့ မနက်ကတည်းပါ။ အိမ်မှာနေရတာပျင်းတယ်ဆိုလို့ ကျွန်မတို့ဒီဘက်မှာကစားဖို့ခေါ်လာခဲ့တာပါ။"

လေနှင်ရာ (completed) Where stories live. Discover now