မနက်မိုးသောက်ချိန်ရဲ့နေအလင်းရောင်ကမျက်နှာပေါ်ဖြာကျလာသည်။ နားထဲမှာတံမြက်စည်းလှည်းသံတရှပ်ရှပ်နဲ့အတူကျွတ်စိကျွတ်စိစကားပြောသံအချို့ကြားနေရ၏။
ဘယ်နှနာရီရှိပြီလဲကြည့်ရန် အိပ်ယာဘေးကိုလက်စမ်းလိုက်သော်လည်းထိမိသည်ကအပင်ငုပ်တိုများဖြစ်သည်။ မျက်လုံးများကိုအားယူဖွင့်ကြည့်တော့တွန့်ဆုတ်တွန့်ဆုတ်ကြည့်နေကြသောခြံစောင့်အမျိုးသားကြီးနှစ်ယောက်ကဟီးခနဲရယ်ပြလာသည်။
" သခင်လေး နိုးပြီလား။ ညီအစ်ကိုနှစ်ယောက်အသောက်လွန်ပြီးအိပ်ဖြစ်သွားတယ်ထင်တယ်။"
" သခင်လေးတို့ကျောတွေနာကုန်ပါလိမ့်မယ် အိမ်ထဲကိုဝင်အိပ်ကြပါ။ အိမ်အကူတွေလည်းခြံထဲမှာမြက်ရိတ်ချင်ပေမဲ့သခင်လေးတို့ခိုက်မိမှာစိုးလို့ငြိမ်နေရတယ်။"
ဟုတ်သား.....ထိုအမျိုးသားကြီးနှစ်ယောက်ပြောမှထုံကျဥ်နေတဲ့ခြေထောက်ကိုသတိရသည်။ အပန်းဖြေအိမ်ကခြံထဲမှာတောင်ပိုးသတ်ဆေးတွေဖျန်းသည်မို့ခြင်မလာနိုင်သော်ငြား တစ်ညလုံးကိုကို နိုးသွားမည်စိုးသဖြင့်တုတ်တုတ်မျှမလှုပ်ခဲ့တဲ့ခြေထောက်ကအခုတော့ဒုက္ခပေးချေပြီ။
" ဒီအတိုင်းအိပ်ဖြစ်သွားတာ၊ လုပ်စရာရှိတာလုပ်ကြပါ ကျွန်တော်ကိုကို့ ကိုပွေ့သွားလိုက်ပါ့မယ်။"
" ရပါ့မလားသခင်လေးကျွန်တော်တို့ကူပေးရမလား"
" နေ....ရတယ်"
ပေါင်ပေါ်အိပ်နေဆဲကိုကို့ခေါင်းကို ဖွဖွလေးဆွဲထူပြီးခြေကြွလိုက်သည်။ ထိတွေ့မှုကိုတောင်မသိတော့တဲ့အထိထုံကျဥ်နေပြီမို့ပွေ့ချီရန်ဒူးတစ်ဖက်ကိုတောင်အတော်လေးထောက်ယူရသည်။
သို့သော်လည်း လက်ထဲတောင်မရောက်သေး၊မျက်ဝန်းတွေပွင့်လာသည့်ကိုကို့ကြောင့် တော်သေးတယ်ပြောရဦးမယ်။
ထိုသို့ဖြင့်နိုးနိုးခြင်းအိပ်ယောင်ပြီးပြောလိုက်သည့်စကားကြောင့်ထယ်ယောင်းမှာတစ်နေ့တာကိုအပြုံးတို့ဖြင့်ဖျက်သန်းရင်းအစပြုရတော့မလို။
" အခန်းမျက်နှာကြပ်ဘယ်တုန်းကလဲလိုက်တာလဲ"
" အိပ်ချင်ယောင်ပြီးလျှောက်ပြောမနေနဲ့ နိုးရင်လည်းထ။ "
YOU ARE READING
လေနှင်ရာ (completed)
ספרות חובביםမင်းကလေပြေဆို ငါကရွက်လှေငယ်ပါမောင်....ဒါပေမဲ့လှိုင်းနွဲ့နွဲ့ကခပ်သွဲ့သွဲ့လှောင်ရယ်တော့ ကမ်းမဲ့လှေတစ်ဆင်းဖြစ်ခဲ့ပြီပေါ့......... [ ဤfic သည်စာရေးသူ၏စိတ်ကူးသပ်သပ်ဖြစ်တဲ့အတွက်မည်သည့်တစ်ဦးတစ်ယောက်( သို့) မသန်စွမ်းသူတစ်ဦးတစ်ယောက်ကို မှထိခိုက်လိုခြင်းမရှိ...