( အခန်း၃၆)

427 48 33
                                    

" လာ ကလေး "

​အပန်းဖြေစံအိမ်ရှေ့ရပ်သောတက္ကစီကြောင့် ထယ်ယောင်းအရင်ဆင်းကာ ကလေးငယ်ဘက်ရှိတံခါးကိုဖွင့်ပေးရင်း၊ luggage အိတ် မကိုင်ဆွဲထားတဲ့လက်နှင့်ကမ်းလိုက်သည်။ ဒါမှသာမျက်လုံးလေးကလည်ကလည်နှင့်ဆုပ်ကိုင်လာသည့်လက်သေးသေးလေးတွေကထယ်ယောင်း၏လက်ချောင်းရှည်တွေကြားပျောက်ကွယ်သွားသည်။

တက္ကစီသမားကိုငွေရှင်းပြီးနောက်ခြံစောင့်အမျိုးသားတစ်ယောက်ကတံခါးလာဖွင့်ပေးသည်။ ကလေးငယ်အားမြင်သော် အထူးအဆန်းနှင့်မျက်လုံးပြူးတဲ့အထိဖြစ်၍ထယ်​ယောင်းထံမဝံ့မရဲမေးလာ၏။

" သခင်လေး ဒါဘယ်သူများလဲ။ သခင်လေးဂျောင်ဂုနဲ့တော်တော်လေးတူတယ်။ "

" ဒါက ကိုကို့သူငယ်ချင်းရဲ့သားလေ"

" ဗျာ! "

တလွဲအတွေးနှင့်အံ့ဩသွားဟန်ရှိသောခြံစောင့်ကြောင့်မျက်နှာပျက်သွားပေမဲ့ရှင်းပြလည်းနားလည်မယ့်ပုံမပေါ်သည်မို့ကလေးရဲ့လက်ကိုဆွဲပြီးသာအိမ်ထဲဝင်ခဲ့တော့သည်။

ခြံထဲမှအိမ်သို့သွားသည့်လမ်းတလျှောက်အထူးအဆန်းလုပ်ကြည့်နေကြတဲ့အလုပ်သမားတွေနဲ့ တီးတိုးစကားသံတွေကအာရုံနောက်စေသည်။

" အမေ.....အဖေ! ..."

တိတ်ဆိတ်နေသောဧည့်ခန်းတွင်မိဘနှစ်ယောက်ကိုမတွေ့တဲ့အတွက်ကလေးငယ်ဘက်ကိုစောင်းငဲ့ပြီးပြောလိုက်သည်။

" အမေတို့ကအိမ်အနောက်ဘက်ရောက်နေတာဖြစ်မယ်။ လိုက်သွားကြမယ်နော်။"

" ဟုတ်....Daddy"

ကလေးငယ်ကိုပြုံးပြရင်းပန်းအိုးတန်းများအနီးရှိနေကာစားပွဲဝိုင်းထံသွားသည်။ ထိုမှသာ စကားတပြောပြောနှင့်ရယ်မောနေသောအဖေနဲ့အမေကိုတွေ့သည်။

" အမေ....အဖေ..ဒီမှာဘယ်သူပါလာလဲကြည့်ပါဦး။"

လှည့်ကြည့်လာသောဝန်ကြီးချုပ်နှင့်ဇနီးဖြစ်သူမှာအတူပါလာတဲ့ကလေးငယ်အားမြင်သော်မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်သွားသည်။ စိတ်တည်ငြိမ်အောင်ထိန်းချုပ်နိုင်သော ဝန်ကြီးချုပ်ကတော့ မျက်နှာပျက်သွားရုံကလွဲတခြားဘာမှမဆိုပေမဲ့ ဇနီးဖြစ်သူကတော့ထိုင်ရာမှဝုန်းခနဲထရပ်ကာ ဒေါသနှောသည့်အပြောဖြင့်ဆိုသည်။

လေနှင်ရာ (completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ