<Unicode>
"အချစ် ဆန်ပြုတ်လေးသောက်လိုက်နော်"အိပ်ရာပေါ်မှာငုတ်တုတ်လေးထိုင်နေတဲ့ဓူဝံကတည်မြဲလက်ထဲကဆန်ပြုတ်ကိုရန်သူသဖွယ်ကြည့်ကာ..
"မသောက်ချင်ဘူး ငါဖျားနေတာမှမဟုတာ"
"ဒါပေမယ့်အချစ်က အမာစာတေစားလို့မရဘူးလေ သောက်လိုက်ပါကွာ မောင်အပင်ပန်းခံပီးလုပ်ပေးလာတာကိုသွန်ပစ်ရအောက်မလုပ်ချင်ဘူးမလားဟင်"
အဲ့လိုပြောလိုက်တော့မှသက်ပြင်းလေးချကာသူ့ဘာသာတစ်ဇွန်းချင်းခပ်သောက်တော့သည်။
"အချစ် မောင် မောင့်မိဘတေဆီခနသွားမလို့"
ဓူဝံလက်ထဲကဇွန်းလေးကပန်းကန်ထဲပြန်ပြုတ်ကျသွားတော့သည်။တည်မြဲကဆန်ပြုတ်ပန်းကန်ကိုသူ့ဆီယူလိုက်ကာ အနည်းငယ်ခပ်လိုက်ပီးဓူဝံပါးစပ်နားတေ့ပေးကာ..
"အချစ်ပါလိုက်ချင်လိုက်ခဲ့ မောင်သူတို့နဲ့မိတ်ဆက်ပေးမယ်အာ.."
တည်မြဲခွံ့ကျွေးတဲ့ဆန်ပြုတ်ကိုသောက်ရင်းတွေးဆဆလေးဖြင့်...
"မောင်ပြန်လာမှာလား"
"မောင့်နှလုံးသားလေးရှိတဲ့နေရာကနေမောင်အဝေးကြီးမသွားပါဘူး"
"ဒါဆို မောင်သွားပါ ငါမလိုက်တော့ဘူး ငါတို့နှစ်ယောက်အတူသွားရင်ရိပ်မိကုန်ကြလိမ့်မယ်"
"အချစ်ကကြောက်လို့လား"
"မောင်နဲ့ခွဲရမှပိုကြောက်တယ်"
"မောင်ပြန်လာခဲ့မယ်"
"ငါစောင့်နေမှာ မင်းပြန်မလာရင်ငါမင်းကိုလာသတ်မှာ!"
ခြိမ်းခြောက်တာမဟုပဲ တကယ်ပြောနေတယ်ဆိုတာတည်မြဲသိပါသည်။
"အော် အချစ်အကျင်္ီထဲမှာ အချစ်ဖုန်းလေးတွေ့လို့မောင်သိမ်းထားတယ် ရော့"
ဘောင်းဘီအိတ်ကပ်ထဲကဖုန်းလေးကိုထုတ်ကာပေးလိုက်သည်နှင့်တစ်ပြိုက်နဲ့ဝင်လာတဲ့ဖုန်းကောလ်လေးတစ်ခု။ဓူဝံကမျက်နှာပျက်သွားကာတည်မြဲကိုကြည့်လိုက်တော့ သူ့ကိုပြုး၍သာကြည့်နေသည်။ဆက်တဲ့သူကဓူဝံရဲ့ညာလက်ရုံးJဖြစ်သည်။တည်မြဲအာဏာ ဓူဝံအနားကပ်ခဲ့စဉ်တုန်းကသူ့ကိုလုံးဝမယုံကြည်ခဲ့တဲ့သူတစ်ယောက်ဆိုလဲမမှား။

YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...