real life ⚠⚠

11K 618 20
                                    

<Unicode>
လူသူတိတ်ဆိတ်တဲ့ပတ်ဝန်းကျင်လေးတွင်ကားတစ်စီးဟာတရွေ့ရွေ့ဖြင့်မောင်းနှင်နေသည်။

"ရောက်ပီ လူငယ်လေးတို့"

taxiသမားဦးလေးကြီးရဲ့အသံကြောင့်မျက်လုံးမှိတ်ထားတဲ့တည်မြဲအာဏာကဖွင့်ကြည့်လိုက်သည်။ဘေးမှာတော့ချစ်ရတဲ့ဓူဝံကသူ့ပုခုံးပေါ်ခေါင်းတင်ပီးမှေးနေသည်။

"ကားခဘယ်လောက်လဲဦးလေး"

"တစ်သောင်းခွဲပါ"

ကားသမားဦးလေးကိုတစ်သောင်းတန်နှစ်ရွက်ပေးလိုက်ပီးဓူဝံအားအသာလှုပ်နိုးကာ ကားပေါ်ကဆင်းလိုက်သည်။ကလောရဲ့မြေနံ့သင်းသင်းလေးကိုသူမခံစားရတာကြာပီ။
သူ့အသက်၁၈ပြည့်တွင်မွေးစားအဖေကသူ့ကို ကလောကခြံတစ်ခြံကိုလက်ဆောင်ပေးလေသည်။ငယ်ငယ်ကခနခနရောက်ဖြစ်ခဲ့တဲ့အိမ်လေးက အခုထိပုံစံမပျက်သေးပေ။

"လာအချစ်"

ဓူဝံလက်လေးကိုဆွဲကာခြံတံခါးဘေးမှခေါင်းလောင်းလေးကိုဆွဲလိုက်တော့ သစ်ရွက်ခြောက်တေလှဲနေတဲ့အဘိုးအိုကရောက်လာပီး...

"ဘာကိစ္စရှိလို့လဲက့ွဲ"

"အဘိုး ကျနော်ကဒီအိမ်ပိုင်ရှင်ပါ တည်မြဲအာဏာလေ"

"အော် မင်းလားကွဲ့ ခနလေးအဘိုးတံခါးဖွင့်ပေးမယ်"

အဘိုးကခြံတံခါးဖွင့်ပေးတော့သူတို့လဲအထဲဝင်လိုက်ကာ...

"လူလေးတို့ကဒီမှာနေကြမလို့လား"

"ဟုတ်တယ်အဘိုး"

"အေး အေး အဘိုးအိမ်ထဲကိုတော့တစ်ပတ်တစ်ခါသန့်ရှင်းရေးလုပ်ထားပေးတယ် အဘိုးနာမည်ကဦးထုံတဲ့ သားတို့လိုတာရှိရင်ပြော သိလား"

"ဟုတ်ကဲ့အဘိုး ကျေးဇူးပါ"

"အေ အေ ခရီးပန်းလာရောပေါ့ သွားနားကြတော့လေ"

"ဟုတ် ဒါဆိုကျနော်တို့သွားနားတော့မယ်နော်"

"အေးကွယ်"

အိမ်ထဲတွင်ရှေ့ဟောင်းပန်းချီကားများနဲ့အသုံးဆောင်များစွာရှိလှသည်။အိမ်ခန်းထဲတွင်ကျွန်းနဲ့လုပ်ထားတဲ့ကုတင် ဗီဒို စားပွဲ စသည်ဖြင့်တန်ဖိုးကြီးအရာတေဖြင့်သာတန်ဆာဆင်ထားလေသည်။အိပ်ခန်းထဲရောက်တာနဲ့တည်မြဲအာဏာကတံခါးကိုလော့ခ်ကျကာ ရှေ့ကဓူဝံရဲ့လက်နှစ်ဖက်ကိုနောက်ပြန်ချုပ်လိုက်သည်။

Make A Wish(System)(Completed)Where stories live. Discover now