<Unicode>
"ကျနော်သူ့ကိုခေါ်ပီးနိုင်ငံခြားကိုထွက်သွားချင်တယ် ပီးတော့စီးပွားရေးတစ်ခုခုလုပ်ချင်ပါတယ် အချစ်ကတော့သူလုပ်ချင်တဲ့အလုပ်ကိုစိတ်ကြိုက်လုပ်ခိုင်းပီးနောက်ကနေကျနော်ကပံ့ပိုးနိုင်အောင်အယောင်ပြငွေဖြူလုပ်ငန်းတစ်ခုခုလုပ်ချင်တာပါဒယ်ဒီ""အဲ့လိုဆိုရင်အရင်က တီလေးနဲ့သားဒယ်ဒီက သားတည်မြဲကိုအမွေပေးဖို့စီစဉ်ထားတဲ့ပြင်သစ်ကရေမွှေးကုမ္မဏီတစ်ခုရှိတယ် အဲ့တာကိုငွေဖြူအနေနဲ့လုပ်"
"မင်းကောင်လေးကိုသေချာရှင်းပြပီး ခရီးသွားဖို့ပြင်ဆင်ကြ ဒီညflightနဲငါတို့သွားကြမယ်"
"ငါတို့?"
"မင်းပါးပါးကမင်းကိုဒီတိုင်းလွှတ်လိုက်မယ်ထင်နေလား ငါ့ချာတိတ်ကမင်းကိုဘယ်လောက်ချစ်လဲမင်းအသိပဲ ခုကိစ္စမှာငါတို့မင်းကိုသိပ်ကြည်မနေဘူးဆိုတာမှတ်ထား!"
"ဟုတယ် နည်းနည်းပါးပါး ကိုယ့်မိဘတေကိုယ့်အဒေါ်တေကိုလှမ်းအသိမပေးဘူး ဘေဘီကမနေ့ညကဆိုအိပ်တောင်မအိပ်ဘူးတညလုံးထိုင်ငိုနေတာ!"
တိုင်ပင်လို့ပီးတော့ဆူမဲ့အချိန်စတင်လာပီမို့တည်မြဲသူတို့ပြောသမျှဆူသမျှကို ငြိမ်ငြိမ်လေးသာနားထောင်နေလိုက်သည်။ဆူပီးသွားတော့လဲနှစ်ယောက်သားသူ့ကိုဖက်ငိုကြပြန်သည်။ဒီလိုနွေးထွေးပီးချစ်ရာကောင်းတဲ့မိသာစုလေးကိုရခဲ့လို့တည်မြဲသိပ်ကိုပျော်ပါသည်။ဒယ်ဒီနဲ့တီလေးကနည်းနည်းအေးစက်စက်နိုင်ပေမယ့်သူ့ကိုတော့အရမ်းချစ်ရှာပါသည်။ပါးပါးနဲ့ဦးငယ်ကလဲသူ့ကိုသားအရင်းလေးကိုချစ်ကြသည်။မိဘမဲ့ဂေဟာကနေခေါ်လာပီးထဲကသူ့ဘဝမှာဝမ်းနည်းမှု စိတ်ဆင်းရဲမှုဆိုတာမရှိရလေအောင်ချစ်ပေးခဲ့ကြတဲ့မိသားစုလေးပင်။အခုလဲအသတ်တမျှချစ်ရမယ့်သူလေးကသူ့အနားထပ်ရောက်လာပြန်ပီ ဒီမိသားစုလေးနဲ့ချစ်ရသူလေးသာအနားမှာရှိရင်သူ့ဘဝကြီးဟာထာဝရပြည့်စုံနေပါပီ။
>>>>>>>>>>>>>>>
အခန်းတစ်ခုထဲတွင်မီးရောင်ဖျဖျလေးသာထွန်းထားပီးနံရံတွင်ဓာတ်ပုံများကိုကြိုးနီများဖြင့်အစဉ်လိုက်တန်းကာကပ်ထားလေသည်။ထိုပုံများရှေ့တွင်ယူနီဖောင်းနဲ့လူငယ်တစ်ယောက်က တစ်ပုံချင်းစီကိုသေချာစူးစိုက်ကြည့်ရင်း...

ESTÁS LEYENDO
Make A Wish(System)(Completed)
FantasíaAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...