<Unicode>
"ကိတ်မုန့်ရော ငါလုပ်ထားတဲ့ကိတ်မုန့်ဘယ်မလဲ!"မိုးထက်ကအသံဆာဆာလေးနဲ့အော်တော့ အာဏာကသူသယ်ထားတဲ့ဗူးလေးထဲကကိတ်မုန့်လေးကိုထုတ်ကာဖယောင်းတိုင်လေးတစ်တိုက်စိုက်ပီးမီးလေးပါညှိပေးလိုက်သည်။
"သားဓူဝံလေး ပါးပါးတို့မိသားစုလေးကနေကြိုဆိုပါတယ်"
ကိတ်မုန့်လေးကိုင်ကာသူ့ကိုပြုံးပီးကြည့်နေတဲ့မိုးထက်နဲ့ ဘေးကလူတေကြောင့်ဓူဝံဝမ်းသာလွန်းလို့မျက်ရည်တောင်ဝဲမိသည်။
"သားဓူဝံကိုလေယာဉ်ပေါ်မှာစကားလာမပြောတာစိတ်မကောင်းမဖြစ်ပါနဲ့ ပါးပါးတို့ကသားအတွက်ကိတ်မုန့်လေးလုပ်ပေးချင်လို့"
လေယာဉ်ပေါ်တွင်မိုးထက်နဲ့လင်းသန်ကမီးဖိုခန်းထဲဝင်ကာကိတ်မုန့်အတူလုပ်နေကြတာဖြစ်သည်။မကျွမ်းကျင်လို့ မုန့်ကတူးသွားလိုက်ပုံပျက်သွားလိုက်နဲ့မို့အချိန်အတော်ကြာအောင်လုပ်ခဲ့ရတာဖြစ်သည်။
"တစ်လမ်းလုံးလေယာဉ်ပေါ်မှာဒီကိတ်ကိုလုပ်နေခဲ့တာလား?"
"ဟီး ဟုတ်တယ် မီးမှုတ်လိုက်လေ"
မိုးထက်သတိပေးလိုက်တော့ဓူဝံကမီးလေးမှုတ်လိုက်ကာပါးပြင်ပေါ်သို့စီးကျလာတဲ့မျက်ရည်များကိုသုတ်နေတော့သည်။
"ဘာလို့ငိုနေတာလဲ သားငယ်ရယ် တိတ် တိတ်"
"ကျနော်ထင်တာ ကျနော့်ကိုလက်မခံကြပဲမုန်းနေလိမ့်မယ်လို့.."
"မဟုတ်တာ ပါးပါးတို့ကသားငယ်ကိုဘာလို့မုန်းရမှာလဲ သားတည်မြဲချစ်တဲ့သူကိုပါးပါးတို့လဲချစ်တာပေါ့ တိတ် တိတ်မငိုနဲ့တော့"
မိုးထက်နဲ့လင်းသန့်က ဓူဝံပါးပြင်ပေါ်မှမျက်ရည်များကိုသုတ်ပေးလိုက်ပီးနှစ်သိမ့်ပေးလိုက်တော့ဓူဝံကလူကြီးသေးသေးလေးနှစ်ယောက်ကိုဖက်ကာငိုတော့သည်။
"ကျနော့်ကိုလက်ခံပေးလို့ကျေးဇူးပါ"
"သားငယ်ရယ် မိသားစုဆိုတာကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းအရာအားလုံးကိုလက်ခံပေးနိုင်တဲ့သူတေပါ ပါးပါးတို့ကမိသားစုတေဖြစ်နေပီ ကိုယ့်ကိုကိုယ်သိမ်ငယ်မနေပါနဲ့ ပါးပါးတို့ကသားကိုရောသားအလုပ်ကိုပါလက်ခံနိုင်တယ် ကိုယ့်ပုံစံအတိုင်းပဲလွတ်လွတ်လပ်လပ်နေ ဟုတ်ပီလား"
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...