<Unicode>
နှစ်ပတ်ခန့်ကြာသော်....လေဆိပ်၌...ဂုဏ်တစ်ယောက်ခရီးဆောင်အိတ်တေချကာ ကားငှါးရန်စောင့်နေသည်။သူစုံစမ်းခဲ့ရသလောက် အရာရှိတည်မြဲအာဏာနဲ့ရာဇဝတ်သားဓူဝံကပြင်သစ်မှာရောက်နေသည်ဟုသတင်းအတိကျရထားသည်။ထိုလူနှစ်ဦးကိုဖမ်းစီးရဖို့သူအရမ်းစိတ်လှုပ်ရှားနေပီ။ရူးမိုက်တယ်ပဲပြောပြော သတ္တိကောင်းတယ်ပဲပြောပြော ပြင်သစ်အထိလိုက်လာပီးလူနှစ်ယောက်ကို သူတစ်ဦးထဲနဲ့ဖမ်းစီးချင်နေတဲ့စိတ်ကထိန်းမရ။
ဘယ်ကနေဘယ်လိုအနံ့ရသလဲဆိုတော့ ဓူဝံရဲ့ဂိုဏ်းကအခုထိလှုပ်ရှားနေသေးသည်။ခေါင်းဆောင်မရှိတော့တာတောင်ဂိုဏ်းကခေါင်းဆောင်အသစ်မရှိပဲ ဆက်လက်လှုပ်ရှားနေသေးတာကြောင့်စုံစမ်းကြည့်တော့ ဓူဝံကဆက်လက်ဦးဆောင်နေဆဲဖြစ်ကာ သူ့အလုပ်ကိုမရပ်နားပဲနဲ့ ပြင်သစ်ကနယ်စပ်မှာ မူးယစ်ဆေးရောင်းဝယ်နေသည်။ထိုကနေတစ်ဆင့်သူတို့တည်နေရာအတိကျအထိပါရသွားတာဖြစ်သည်။
"ဗိုလ်မှူးတည်မြဲအာဏာကတော့ ဒါကိုလက်ပိုက်ကြည့်နေမယ့်သူမဟုဘူး သေချာတာကဓူဝံကဗိုလ်မှူးကိုသတ်ပီး ဒီမှာခြေရာဖျောက်နေတာပဲဖြစ်ရမယ်"
သူ့ရဲ့နောက်ပစ်မှတ်ကဓူဝံပင်။အစကဗိုလ်မှူးနဲ့ဓူဝံကပေါင်းကြံတယ်ထင်ပေမယ့် တရားမျှတမှုကိုမိမိအသက်ထက်ပိုချစ်တဲ့ဗိုလ်မှူးက ဓူဝံရဲ့ဒုစရိုက်မှုတေကိုလက်ပိုက်ကြည့်နေမှာမဟုတ်။ဒုစရိုက်သမားနဲ့ချစ်မိတယ်ဆိုတာပိုလို့တောင်မဖြစ်နိုင်။ထို့ကြောင့်ဓူဝံကိုဗိုလ်မှူးအစားလက်စားချေပေးမည်ဟုကြိမ်းဝါးလိုက်သည်။
>>>>>>>>>>>>
"အချစ် မောင်ဒီမှာ!"
ကားရပ်ထားတဲ့နားသို့ဓူဝံကပြုံးရယ်ကာအပြေးလေးလာပီး...
"ဟီး မောင် ငါပစ္စည်းရလာတယ်သိလား"
လက်ထဲကboxလေးကိုအပေါ်မြှောက်ပြကာပြောလာတဲ့ဓူဝံက မျက်နှာနဲ့အကျင်္ီတေမှာသွေးတေရွှဲလို့။တည်မြဲလက်ကိုင်ပုဝါလေးထုတ်ပီး ဓူဝံမျက်နှာကသွေးတေကိုဖွဖွလေးသုတ်ပေးကာ...
"ဒါဏ်ရာရလာသေးလား"
"မရပါဘူး ငါဒါဏ်ရာရတာနဲ့ မောင်အပြစ်ပေးတာနဲ့မကာမိဘူး ရှရာလေးပါရင်တောင်ငါနှစ်ရက်လောက်အိပ်ရာထဲကမထနိုင်အောင်မောင်ကအပြစ်ပေးမှာလေ!"
YOU ARE READING
Make A Wish(System)(Completed)
FantasyAll photos I use are not mine. It's all from google. Both Unicode and Zawgyi. "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင့်လူဆိုးလေး" °°°°°°°°°°°°°°°°°°°°°°°°°°°°°°° "ငါမင်းကိုသိပ်မုန်းတယ်မောင်" "မောင်မင်းကိုရအောင်ပြန်ကယ်မယ် မောင...