" လုပ်စမ်းပါ နမ်ဂျွန်းရာ... ဘယ်လောက်မှမကြာတာကို ငါတစ်ယောက်တည်းမို့လိုက်ခဲ့စမ်းပါ "
" ဟိုဆော့ကလည်းကွာ... ဘေဘီကပေးမလိုက်လို့ပါဆို... "
မျက်စိပျက်မျက်နှာပျက်နှင့်ပြောသော နမ်ဂျွန်းကြောင့် ဟိုဆော့မှာသက်ပြင်းကိုသာ ခပ်နာနာချလိုက်သည်။ သူငယ်ချင်းလေးတစ်ယောက်တည်းရှိလို့ ခရီးသွားဖို့အဖော်ခေါ်ပါတယ်... သကောင့်သားက လင်ကြောက်နေရတာနဲ့ အားကိုးရတယ်ကိုမရှိ၊
" ငါ တောင်းပန်ပါတယ် ဟိုဘ့ (Hoba) ဂျီမင်နီးကို ခေါ်သွားလို့မရဘူးလားဟင် "
ပတ်ဂျီမင်အား သူနှင့်ထည့်နေသော မျက်နှာငယ်လေးနှင့်နမ်ဂျွန်းကို ဟိုဆော့မျက်လုံးလှန်ကြည့်လိုက်သည်။ သွားမှာက ပင်လယ်ကိုအလုပ်ကိစ္စနဲ့၊ ပတ်ဂျီမင်ကိုခေါ်သွားလို့ကတော့ အလုပ်မလုပ်ရဘဲသူ့ကိုဘဲ လိုက်ထိန်းနေရမယ့်ဖြစ်ခြင်း...
" ငါ့ကိုလက်ပစ်ဗုံးထည့်နေတာလား ကင်နမ်ဂျွန်း...? ကျစ်! ဖုန်းပေးစမ်းကွာ "
စုပ်တစ်ချက်သပ်သောဟိုဆော့ကြောင့် နမ်ဂျွန်းမှာ မကြောက်ပါဘဲကြောက်ဟန်ဆောင်ကာ အားနာသောစိတ်ဖြင့် 7 လမျှကြီးသော သူငယ်ချင်းဖြစ်သူအား ဖုန်းကိုလက်နှစ်ဖက်နှင့် တရိုတသေကမ်းပေးလိုက်သည်။
ဟိုဆော့ကတော့ စိတ်ပျက်သည့်ပုံစံမျိုးနှင့် မျက်နှာကြီးတည်ကာ ဖုန်းအားလှမ်းယူပြီး Contact ဆီသို့နှိပ်လိုက်သည်။ သို့ပေမယ့် ထိပ်ဆုံးမှာမြင်တွေ့လိုက်ရသည့် 'ဘေဘီပူတူးအသည်းနှလုံးကျောက်ကပ်လေး' ဆိုသော Nickname ကြောင့် နေရာမှာတင်ခေါင်းမူးလာသလို...
သောက်အတွဲတွေ ပြတ်ကိုမပြတ်နိုင်ဘူး!
စိတ်ထဲမှ အားရပါးရကျိန်ဆဲမိသော်လည်း တကယ်တော့ ထိုနှစ်ကောင့်ကိုမပြတ်စေချင်ပါ။ ကင်နမ်ဂျွန်းဆိုသောကောင်သည် သူ့အသည်းအသက်နဲ့မှခြေငြိမ်သောကြောင့်... အရင်ကလမ်းများပါတဲ့ နမ်ဂျွန်းက ထိုကောင်လေးရဲ့မကြိုက်ဘူးဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့တင် လက်သည်းဝှက်သွားတာမျိုး...
ရလဒ်ကတော့ အခုလို ပြသာနာတက်နေရပြီ။ ဘယ်လိုဖြစ်ဖြစ် နှစ်ယောက်ကိုအောင်သွယ်ထားပေးတဲ့ ဒီကဂျောင်ဟိုဆော့လေး ခေါ်ရင်တော့လိုက်ရမယ်မလား? နှာတစ်ချက်မှုတ်လိုက်ပြီး Call အား အားကြီးနှင့်နှိပ်ချလိုက်သည်။
YOU ARE READING
FAP : Min Lineage Throne