" ဂျောင်မျိုးနွယ် ဂျောင်မျိုးနွယ်... ထတော့ "
နားစည်ထဲ ခပ်သာသာ ကြားနေရသည့် အိမ်ရှေ့စံ၏ ခေါ်သံတွေ... သူ ပြန်ထူးလိုက်ချင်ပေမယ့် အသံကထွက်မလာ၊ လှဲလျောင်းနေသည့် အနေအထားနှင့် သူ့အာရုံကြောတွေက အလုပ်မလုပ်နေ... ဟိုဆော့မှာ မျက်လုံးဖွင့်ဖို့ ကြိုးစားသော်လည်း အရာရာဟာ အချည်းအနှီး...
" ဟိုဆော့... ဟိုဆော့ "
အနားက ခေါ်နေသလို အသံတွေကြောင့် သူ့လက်ချောင်းလေးတွေ လှုပ်ကြည့်ပြီး ပတ်ဝန်းကျင်နှင့် နေသားကျဖို့ အချိန်ခဏယူသည်။ ထို့နောက်တော့ သူ့မျက်လုံးကို အနည်းငယ် ဖွင့်နိုင်သွားပြီး ပထမဆုံး မြင်လိုက်ရသည်က ဖြူဖွေးနေသည့် မျက်နှာကျက်နှင့် နှာခေါင်းဝက အောက်ဆီပိုက်...
နေဦး! သူ ဆိုးလ်ကို ပြန်ရောက်နေတာလား!? ဒါဆို အိမ်ရှေ့စံ! ထိုအတွေး ခေါင်းထဲဝင်လာသည်နှင့် တစ်ပြိုင်နက် ဟိုဆော့မှာ ထထိုင်ရန် ကြိုးစားသည်။ သို့ပေမယ့် ရုတ်တရက်မို့ ခေါင်းမူးသွားပြီး သူ ပြန်လဲကျမလို ဖြစ်သွား၍ သူ့နောက်ကျောကို ထိန်းကိုင်ပေးလိုက်သည့် လက်ကို ခံစားမိလိုက်သည်။
" ဖြည်းဖြည်းထပါကွ... မင်းမနေ့ကမှ ICU ထဲက ထွက်လာတာ၊ အားမရှိသေးဘူး "
ထိုအသံ... ဟိုဆော့မှာ ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တော့ သူ့ကိုထိန်းထားပေးသည့် နမ်ဂျွန်းကိုမြင်လိုက်ရသည်။ အဖြစ်အပျက်တွေကို သူ့ဦးနှောက်က လိုက်မမှီသေးပေမယ့် မျက်ဝန်းတွေကတော့ အလိုလို မျက်ရည်ဝဲမိနေပြီ။ နမ်ဂျွန်း မသေသေးဘူး... ဟိုဆော့မှာ နမ်ဂျွန်းကို ဖက်ကာငိုမိသည်။
နမ်ဂျွန်းမှာတော့ သူ့ကိုတင်းကျပ်နေအောင် ဖက်ကာ အားရပါးရငိုနေသည့် ဟိုဆော့ကိုကြည့်ပြီး ဘာမှ နားမလည်နိုင်စွာနှင့် ကျောကိုသာ ခပ်သာသာ ပွတ်ချပေးလိုက်သည်။ ခဏနေတော့ ဆရာဝန်သွားခေါ်သည့် ထယ်ယောင်းမှာ ဆရာဝန်တွေနှင့် အတူရောက်လာ၍ သူနေရာဖယ်ပေးလိုက်သည်။
ဒါတောင် ဂျောင်ဟိုဆော့မှာ ထယ်ယောင်းကိုတွေ့ပြီး မျက်ရည်တွေက ထိန်းမရသေး၊ ဆရာဝန်တွေနှင့် အမေးအဖြေ လုပ်နေသည့် တစ်ချိန်လုံး ထိုကောင့်မှာ မျက်ရည်နှင့်မျက်ခွက်... သူတို့နှစ်ယောက်မှာ ထိုအတိုင်းသာ ကြည့်နေမိသည်။ ဘုရားမလို့ ဂျောင်ဟိုဆော့ မရူးသွားပါစေနဲ့...
YOU ARE READING
FAP : Min Lineage Throne