" မင်း သွားနိုင်တာ သေချာရဲ့လား ယွန်းဂီ? "
အကိုတော်ဆော့ဂျင်၏ စိုးရိမ်သံတွေ ရောထွေးနေသော စကားသံနှင့် အလိုမကျဖြစ်နေပါသော နမ်ဂျွန်း၏ မျက်နှာထားတို့ကြား ယွန်းဂီမှာ ပြတ်သားစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ဂျုံဆောင်းနှင့် ဆောင်းဟွန်းမှာ တစ်ယောက်ကို တစ်ယောက်ကြည့်နေပြီး ဂျောင်မျိုးနွယ်ကတော့...
မျက်လုံးပြူးလေး အဝိုင်းသားနှင့် ဝိဉာဥ်လွင့်သွားသလို ငြိမ်သက်နေသည်။ အခုထက်ထိ သူပြောလိုက်သည့် စကားကြောင့် ဆောက်တည်ရာမရ ဖြစ်နေသည့် ဂျောင်မျိုးနွယ်ကို ကြည့်ကာ ယွန်းဂီ ပြုံးမိတော့မလိုတောင် ဖြစ်သွားသည်။ ဂျောင်မျိုးနွယ်ကိုမြင်တိုင်း ပြုံးချင်စိတ်တွေက ပြည့်လျှံလာသည်။
" မဖြစ်ဘူး အိမ်ရှေ့စံ! ဘယ်လိုဘဲ စဥ်းစားစဥ်းစား ကျွန်တော် စိတ်မချဘူး၊ ဒီလူနဲ့ဆို ပိုတောင် စိတ်မချသေးတယ် "
သို့သော် တိတ်ဆိတ်နေသည့် အခြေအနေနှင့် ယွန်းဂီ၏ အတွေးတို့ကို ဖြတ်တောက်ပစ်လိုက်သူ စစ်သူကြီးသည်က ဂျောင်မျိုးနွယ်ဘက်ကို ပစ်ပစ်ခါခါ လက်ညှိုးကြီး ထိုးပစ်ကာ မကြိုက်ကြောင်း ပြသည်။ နဂိုကတည်းက ဝိဉာဥ်လွင့်နေသော ဟိုဆော့ကတော့ ပါးစပ်ပါ ဟချေပြီ။
" ဘာဖြစ်လို့လဲ နမ်ဂျွန်း... ဂျောင်မျိုးနွယ်က စိတ်ချရတဲ့လူပါ၊ သူ့ကိုခေါ်သွားရတယ် ဆိုတာက မင်းတို့ဘဲ ငါ့ကို တစ်ယောက်တည်း ပေးမသွားလို့လေ... ဘာလဲ? ငါက ဒီကလေးတွေကိုခေါ်သွားပြီး ဒုက္ခခံခိုင်းရမှာလား နမ်ဂျွန်း? ဒီကလေးတွေကိုလေ "
သိုပေမယ့် အိမ်ရှေ့စံ၏ ဆောင်းဟွန်းနှင့် ဂျုံဆောင်းကိုကြည့်ကာ မေးငေါ့ပြခြင်းအဆုံး စစ်သူကြီးကင်မ်၏ မကျေနပ်သံတွေ တိတ်ဆိတ်သွားသည်။ ဒီကလေးနှစ်ယောက်က သူတို့နဲ့ယှဥ်ရင် ငယ်သေးသည့်အပြင် အရေးကြီးတာဝန်ကိုယ်စီ ရှိနေတာကြောင့် ခေါ်သွားဖို့က မဖြစ်နိုင်...
" ငါ့ကို ယုံကြည်စမ်းပါ နမ်ဂျွန်း... ငါတို့မှာ ဒီလူနည်းစုလေးဘဲ ရှိတာပါ၊ ငါတို့အချင်းချင်းမှ မယုံကြည်ကြရင် ဒီတိုင်းပြည်ကို ဘယ်သူကာကွယ်တော့မလဲ? ငါ့ကို ယုံစမ်းပါ "
YOU ARE READING
FAP : Min Lineage Throne