" နမ်ဂျွန်းနာ~ ငါသေပြီလို့ ထင်နေတာ... ငါမင်းကို မတွေ့ရတော့ဘူးလို့ ထင်နေတာ~ အီးးးဟီးးး "
သတိရသည်နှင့် ဖတ်ခနဲ ပြေးဖက်ပါသော် သူစိမ်းလူသားကြောင့် စစ်သူကြီးအပါအဝင် ကုတင်ဘေးနားက ဆေးဆရာအီ ကပါ ကြောင်တောင်တောင် ဖြစ်သွားသည်။ ဒီတိုင်းပြည်ထဲ အကြည့်တစ်ချက်ကိုတောင် ကြောက်ရသော စစ်သူကြီးအား လက်ရဲဇက်ရဲ ဖက်နိုင်သူမှာ ထိုသူသာရှိသေးသည်။
" မဟုတ်-မဟုတ်သေးဘူး ဒီမှာ! ငါ့ကို လွှတ်ဦး "
နူးညံ့ခြင်းလည်းမပါ၊ မာကြောခြင်းလည်း မရှိသည့် စကားသံနှင့် စစ်သူကြီးကြောင့် ထိုလူမှာ အတင်းဖက်ထားရာမှ လွှတ်ကာ ထွက်လာသော နှာရည်တွေအား တစ်ရွှတ်ရွှတ်နှင့် ရှိုက်သွင်းနေသည်။ ဦးခေါင်းပေါ်က ဝါကျင်ကျင်နှင့် တိုကပ်ကပ် ဆံပင်ပုံစံကြောင့် စစ်သူကြီး နှာခေါင်းရှုံလိုက်သည်။
" မင်းက ဘယ်သူလဲ? ဘယ်ပြည်က လာသလဲ? "
စူးစမ်းသလိုမေးတော့ ထိုလူသားက အံ့သြသွားသည့်ဟန် မျက်လုံးအဝိုင်းသားနှင့်...
" ငါ့ ငါ့ကို မမှတ်မိတော့ဘူးလား နမ်ဂျွန်း? ဂျောင်ဟိုဆော့လေ! မင်းသူငယ်ချင်း အရင်းခေါက်ခေါက် ဂျောင်ဟိုဆော့ပါကွ! "
ဟိုဆော့စကားကြောင့် အရှေ့က ထိုင်နေသော လူမှာ မျက်မှောင်ကြုတ်ကာ စဥ်းစားသည်။ အမှန်တိုင်း ဝန်ခံရရင် မျက်နှာတို့ ကိုယ်လုံးကိုယ်ပေါက်တို့က နမ်ဂျွန်းနှင့် တထေရာတည်း တူနေပါသော်လည်း ခါတိုင်းနှင့် မတူသည်က တည်ကြည်နေသော မျက်နှာထားနှင့် ရှိန်စေသော အငွေ့အသက်ပင်...
" ဒါနဲ့ ဘာလို့ ငါက ဒီရောက်နေရတာလဲ? ဆေးရုံတို့၊ အရေးပေါ်ခန်းတို့မှာ ရှိနေရမှာ မဟုတ်လား? ဘာလို့ ရိုးရာအိမ်ကြီးမှာ? ပြီးတော့ မင်းကရော ဘာကိစ္စ နန်းတွင်းဝတ်စုံကြီးနဲ့? "
ပတ်ဝန်းကျင်ကို တောင်မြှောက်လိုက်ကြည့်ကာ ဟိုဆော့မှာ သိချင်သည်များကို တရစပ် မေးလိုက်သည်။ ဘေးတွင် ကျုတ်ကျုတ်လေး ရပ်နေသော ကောင်လေးကတော့ ခေါင်းတောင် ဖော်မလာ။ ဘာလဲ? သူမသိဘဲ ပြန်နိုးလာရင် အံ့သြအောင်လို့ ဆိုပြီး Hidden Camera လုပ်ထားတာလား?
ESTÁS LEYENDO
FAP : Min Lineage Throne