JUNG SSI 34

40 4 1
                                    

" မြို့စားမင်း! ဘယ်နေရာ ထိခိုက်လာတာလဲ!? "

တစ်ကိုယ်လုံး သွေးတွေ အလိမ်းလိမ်း ပေကျံကာ အသိစိတ်မရှိသည့် လူကဲ့သို့ နန်းဆောင်ထဲဝင်လာသော မြို့စားမင်းအား ဟိုဆော့မှာမှာ တစ်ကိုယ်လုံးကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်ရင်း မေးလိုက်သည်။ သို့သော် မြို့စားမင်းက ဘာမှပြန်ဖြေမလာ၊ ဟိုဆော့မှာစိတ်ပူသွားပြီး...

​" မြို့စားမင်း... နမ် နမ်ဂျွန်းရော... "

နမ်ဂျွန်းဆိုသော အသံကြားကာမှ သူ့ဘက်ကို လှည့်ကြည့်လာကာ နီရဲ​ပြီး​ ဖောင်းမို့​နေသော မျက်ဝန်းထဲတွင် မျက်ရည်တွေ ရစ်သိုင်းနေရင်း...

" စစ်သူကြီး... စစ်သူကြီးကင်မ် မရှိတော့ဘူး ဂျောင်မျိုးနွယ်... စစ်သူကြီးကင်မ်က ကျွန်တော့်ကိုထားပြီး ထွက်သွားပြီ "

ထိုစကားကို ကြားလိုက်သည်နှင့် မြို့စားမင်း၏ ပုခုံးကို ကိုင်ထားသော ဟိုဆော့လက်တွေ ပြုတ်ကျသွားပြီး ရင်ဘတ်ထဲ လစ်ဟာမှုကို ခံစားလိုက်ရသည်။ အနောက်တွင် ရှိနေသော အိမ်ရှေ့စံနှင့်​ ပြန်​ရောက်​​ပြီ​​ဖြစ်သော ဟွာလင်းမင်းသားမှာလည်း နာကျင်ခြင်းတွေဖြင့် မျက်လုံးတို့ကို မှိတ်ချလိုက်သည်။

" စစ်သူကြီးကလေ... စစ်သူကြီးက ကျွန်တော့်ကိုကာကွယ်ရင်း ကျွန်တော့်ကြောင့်... ကျွန်တော့်ကြောင့်နဲ့... "

ထယ်ယောင်းမှာ အထိန်းအကွပ်မရှိတော့သည့် လူအတိုင်း ကြမ်းပြင်ပေါ်တွင် ထိုင်ချရင်း ထပ်ငိုမိပြန်သည်။ သူ့မျက်ရည်တွေ ကုန်ပြီလို့ထင်ထားတာ၊ ယုံးရှင်းမင်းသားရဲ့ အသက်ရှိသေးတဲ့ ခန္ဓာကိုယ်ကို စစ်သူကြီးရဲ့ ဓားရှည်နဲ့ အကြိမ်ကြိမ်ထိုးသွင်းရင်း သူ့မျက်ရည်တွေ ကုန်တဲ့အထိ ငိုပြီးပြီလေ...

" ကျွန်တော့်ကို ပန်ပေးမယ်ဆိုပြီး အိမ်တော်ထဲမှာတောင် ပန်းတွေပျိုးထားရက်နဲ့... အခုလိုမျိုး ကျွန်တော့်ကို ကာကွယ်ရင်း... "

ဟိုဆော့မှာ ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ကလေးတစ်ယောက်လို အော်ငိုနေသည့် မြို့စားမင်းကို ကြည့်ရင်း သူသည်လည်း ထိုင်ချမိကာ မြို့စားမင်းကိုဖက်ပြီး မျက်ရည်ကျမိသည်။ သူ့မျက်လုံးထဲ ဟန်ဆောင်းမြို့စားဆိုတာထပ် ထယ်ယောင်းကို မြင်ယောင်မိရင်း ပို၍နာကျင်ရသည်။

FAP : Min Lineage ThroneOnde histórias criam vida. Descubra agora