JUNG SSI 18

129 26 7
                                    

မဟူရာနန်းဆောင်၏ စားပွဲတွင် ဟွာလင်းမင်းသားနှင့် အိမ်ရှေ့စံတို့မှာ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး စစ်သူကြီးကင်မ်ကတော့ ဟွာလင်းမင်းသားဘေး ခပ်လှမ်းလှမ်းတွင် ထိုင်နေသည်။ ဟိုဆော့မှာ လက်က လက္ဖရည်ခွက်တွေ ချပေးနေရင်းမှ ဟွာလင်းမင်းသားဆိုသူကို မော့ကြည့်မိသည်။

တည်တံနေသော မျက်နှာနှင့် တည်ကြည်နေပုံက အခုမှ ပထမဆုံးတွေ့သည့် သူ့ကိုပင် ရှိန်စေသည်။ ထို့ပြင် ချောချက်ကလည်း မင်းသားရှုံး၊ အနာဂတ်ကလူတွေတောင် ဟွာလင်းမင်းသားလောက် မချောနိုင်ဘူး၊ သူ့စိတ်ထင်တော့ မင်းညီမင်းသားတွေထဲ ဟွာလင်းမင်းသားက အချောဆုံးဖြစ်လိမ့်မည်။

သို့သော် ဟွာလင်းမင်းသားဆီ​ရောက်​နေသည့် ဟိုဆော့အကြည့်တွေက တစ်ဖက်က အိမ်ရှေ့စံဆီကို အရောက်မှာတော့ ဟိုဆော့မှာ လက္ဖရည်ဗန်းလေး ပိုက်ကာ အပြင်သို့ ပြေးထွက်ရပါတော့သည်။ အကြောင်းအရင်းသည်က သူ့ကို စိုက်ကြည့်နေသည့် အိမ်ရှေ့စံကြောင့်!

ရုတ်တရက် အကြည့်ချင်းဆုံသွားတော့ ရင်တွေအခုန်မြန်လာပုံက မီတာ ၁၀၀ ကို တစ်ယောက်ထဲ သုံးပတ်လောက် ပြေးလာရသည့် ပုံစံနှင့်၊ ဟိုဆော့မှာ အပြင်ရောက်မှ ကိုယ့်ရင်ဘတ်ကိုယ် ဖိယူရသည်။ ဒီနောက်ပိုင်း အိမ်ရှေ့စံနဲ့ ပတ်သက်ပြီး မူမမှန်ဖြစ်နေတာကိုလည်း သူ့ကိုယ်သူ သတိထားမိနေသည်။

မင်းကြီး နတ်ရွာစံသွားတာကို ဟိုဆော့က ဘာမှမဖြစ်ပေမယ့် ဖခင်ကိုဆုံးရှုံးလိုက်ရသည့် အိမ်ရှေ့စံအတွက်ကတော့ ခက်ခဲမှာအမှန်၊ ထိုအိမ်ရှေ့စံကိုဘဲ နေမထိ၊ ထိုင်မထိ နှစ်သိမ့်ပေးချင်နေသည့် ဟိုဆော့အတွက်က အဲ့ဒါကမှ တကယ့်အခက်အခဲ... အိမ်ရှေ့စံတစ်ယောက် ပင်ပန်းနေတော့မည်။

ဟွာလင်းမင်းသားရောက်လာတုန်းက ညီလာခံခန်းမကို ဖိနပ်တောင်မစီးနိုင်ဘဲ ပြေးသွားပြီး ဟွာလင်းမင်းသားအား ဖက်ကာ အိမ်ရှေ့စံက အများကြီး ငိုခဲ့သည်တဲ့၊ ကြည့်ရတာ ညီအကိုတွေထဲ ဟွာလင်းမင်းသားကို အခင်တွယ်ဆုံးဖြစ်မည်။ ဟိုဆော့မှာ မဆီမဆိုင် စိတ်ပူပေးမိပြန်သည်။

-----------------------------------

" ဒါဆို စာအုပ်က ဝီဒယ်ဆီမှာပေါ့? "

FAP : Min Lineage ThroneWhere stories live. Discover now