" အဆင်သင့် ဖြစ်ပါပြီ... အိမ်ရှေ့စံ "
သူ့နားကခွာကာ အသိပေးလာသော ဂျုံဆောင်းကြောင့် ယွန်းဂီမှာ ပိတ်ထားသည့် မျက်ဝန်းတွေကို ဖွင့်ကာ ရှေ့ကကြေးမှုန်ထဲသို့ ကြည့်လိုက်သည်။ ဘုရင်တစ်ပါး၏ အဆင်အယင်တွေနှင့် သူ့ပုံစံက စိမ်းသက်နေ၏။ ခမည်းတော်ရော ဒီလိုဘဲ စိတ်လှုပ်ရှားခဲ့တာလား...?
" အိမ်ရှေ့- ဝါးးးးး မင်းကြီး "
မဟူရာနန်းဆောင်၏ အတွင်းဘက်တံခါးကို ဖွင့်ကာ ဝင်လာသော ဂျောင်မျိုးနွယ်က ပါးစပ်လေးဟပြီး မျက်လုံးအဝိုင်းသားနှင့်မို့ ယွန်းရီမှာ ပြုံးပြလိုက်သည်။ ဂျောင်မျိုးနွယ်က သူ့နားလျှောက်လာကာ သူ့ရှေ့တည့်တည့်မှာ ထိုင်ချပြီး ယွန်းဂီ၏ပေါင်ပေါ်သို့ မေးတင်လိုက်သည်။
" မင်းကြီး ဒီနေ့ အရမ်းချောနေတယ်... ကျွန်တော့်နှလုံးခုန်သံတွေ မြန်လာတဲ့အထိဘဲ "
ယွန်းဂီမှ ထိုစကားကြောင့် ဂျောင်မျိုးနွယ်၏ ရွှေဝါရောင် ဆံပင်တိုတိုလေးကို ထိတွေ့နေရင်း ပြုံးနေရာမှ မျက်လုံးပိတ်သည်အထိ ရယ်မိသည်။ သူ့ပေါင်ပေါ်က မျက်နှာချောချောလေးကလည်း ပါးချိုင့်သေးသေးလေး ပေါ်သည်အထိ ရွှင်လန်းကာ ပြုံးပျော်နေပုံရသည်။
" ယွန်းဂီ "
သို့ပေမယ့် ထိုအခြေအနေက အတွင်းခန်းထဲသို့ ဝင်လာသော ဟွာလင်းမင်းသားကြောင့် ဗရုတ်သုတ်ခ ဖြစ်ကုန်ရသည်။ ဟိုဆော့မှာ အိမ်ရှေ့စံပေါင်ပေါ် မေးတင်ထားရာမှ ကမန်းကတမ်း ထရပ်လိုက်ပြီး အိမ်ရှေ့စံမှာလည်း ပုံစံမပျက် သူမဟုတ်သလို အိန္ဒြေထိန်းရသည်။
" ယွန်းဂီ... မိဖုရားမရှိဘဲ နန်းတက်လို့မရတာ မင်းသိတယ်မဟုတ်လား? ဝန်ကြီးတွေက မင်းကိုလက်ထပ်ဖို့ အတင်းတိုက်တွန်းတဲ့အထိ ဖြစ်နိုင်တယ်နော်... အဆင်ပြေရဲ့လား? "
ဟွာလင်းမင်းသားမှာ ခဏက အခြေအနေကို မသိချင်ယောင်ဆောင်ရင်း ဂျောင်မျိုးနွယ်ပါ ပြင်ဆင်ထားစေနိုင်ရန်အတွက် အိမ်ရှေ့စံကို ဂျောင်မျိုးနွယ်ရှေ့တင် သတိပေးလိုက်သည်။ ယွန်းဂီမှာ ထိုကိစ္စတွေကို မစဥ်းစားမိတာတော့ မဟုတ်... ဘေးက ဂျောင်မျိုးနွယ်ကို တစ်ချက်လှည့်ကြည့်ပြီးမှ...
YOU ARE READING
FAP : Min Lineage Throne