JUNG SSI 25

120 11 4
                                    

" အိမ်ရှေ့စံ! အိမ်ရှေ့စံ! "

အအေးဓာတ်လေး စိမ့်နေသော မနက်ခင်း၏ အလင်း​ရောင်နှင့်အတူ အသက်ရှုရ ခက်မှုပါပေါင်းပြီး အိမ်ရှေ့က ခေါ်သံတစ်ခုကြောင့် ဟိုဆော့ နိုးလာသည်။ မျက်လုံးပွင့်ပွင့်ချင်း မြင်လိုက်ရသည်က အနီရောင်အကွက်တချို့ ရှိနေသော ရင်းနှီးနေသည့် ဖြူဖွေးဖွေး ရင်ဘတ်တစ်ခု...

ကိုယ့်ဟာကိုယ် လန့်ဖြန့်ပြီး အသံမထွက်အောင် အံကြိတ်ထိန်းလိုက်ရင်း အိမ်ရှေ့စံ၏ လက်မောင်းကြားမှ ခပ်ဖြည်းဖြည်း ရုန်းထွက်လိုက်သည်။ သူရော အိမ်ရှေ့စံပါ တစ်ယောက်မှ အဝတ်မကပ်နေတာကြောင့် အခန်းထဲမဝင်လာဘဲ အခန်းရှေ့က အော်ခေါ်နေတဲ့ နီကီကို ကျေးဇူးတင်...-

" အာ! ဟုတ်သားဘဲ! နီကီ! "

အိပ်မောကျနေတဲ့ အိမ်ရှေ့စံကို ပြုံးပြုံးကြီး ကြည့်နေရာက အတွေးထဲ နီကီဝင်လာတော့မှ ဟိုဆော့မှာ အင်္ကျီတစ်ထည် ကမန်းကတမ်း ကောက်စွပ်ရသည်။ အင်္ကျီဝတ်ရင်း မျက်လုံးက အခန်းထောင့်လေးဆီကိုအရောက် မနေ့ညက နီကီပြင်သွားပေးတဲ့ ထမင်းဝိုင်းလေးကို တွေ့လိုက််ရသည်။

" အော်... ညက ညစာမစားလိုက်ရဘူးဘဲ "

ပူပူနွေးနွေး ညလေးကို ပြန်မြင်ယောင်ကြည့်တော့ မျက်နှာပေါ်တွင် အပြုံးကြီးကြီးတစ်ခုနှင့် ရင်ဘတ်ထဲတွင်တော့ ရင်ဖိုကြည်နူးမှုလေးတစ်ခု ဖြစ်ပေါ်လာသည်။ ဟိုဆော့မှာ အသင့်ဖြစ်တာနှင့် အိမ်ရှေ့စံကို စောင်လုံအောင် ခြုံပေးပြီး သူကတော့ အခန်းပြင်က နီကီဆီသို့ ထွက််သွားလိုက်သည်။

" အာ... ဂျောင်မျိုးနွယ် "

" တောင်းပန်ပါတယ် နီကီ၊ ညက ပင်ပန်း... အဲလေ... အိပ်တာနောက်ကျသွားလို့၊ အိမ်ရှေ့စံတော့ အိပ်နေတုန်းဘဲ... ဒါနဲ့ မင်းတစ်ယောက်တည်းလား? ထောက်လှမ်းရေးမှုးယန်းရော? "

" ကျွန်တော် အဲ့ဒီအကြောင်း ပြောမလို့လာတာ ဂျောင်မျိုးနွယ်... မနေ့ညက တစ်ညလုံး ဂျောင်ဝန်းဟျောင်းကို ကျွန်တော်လိုက်ရှာပေမယ့် ဘယ်လိုမှမတွေ့ဘူး၊ ဒါပေမယ့် ဒီနေ့မနက်ကျတော့ စျေးမှာသတင်းတစ်ခု ကြားခဲ့တာ...
.
မြို့စားအိမ်မှာ လူတစ်ယောက် ဖမ်းမိထားတယ်တဲ့၊ မနေ့ညက မြို့စားမရှိတုန်း အိမ်ထဲဝင်တဲ့ သူခိုးတဲ့... အဲ့ဒါနဲ့ ကျွန်တော် လိုက်စုံစမ်းကြည့်တော့ တကယ်ဘဲ ဂျောင်ဝန်းဟျောင်း ဖြစ်နေတာ... အခု အချုပ်ထဲ ထည့်ဖမ်းထားတယ်တဲ့ "

FAP : Min Lineage ThroneWhere stories live. Discover now