JUNG SSI 10

133 21 1
                                    

" ရောက်လာပါပြီလား အကိုတော် အိမ်ရှေ့စံ "

ကြိုဆိုပွဲကို ရောက်သည်နှင့် အဝင်ဝတွင် နှုတ်ဆက်ပါသော် မိုနွှာမင်းသမီးအား အိမ်ရှေ့စံ ယွန်းဂီမှာ ခေါင်းငြိမ့်ပြီးသား အသိအမှတ်ပြုလိုက်သည်။ ဒီကလေးမက နန်းတော်၏ ထီးနန်း အရှုပ်အရှင်းတွေထဲ ဝင်မပါဘူးဆိုသော်ငြား ရှင်းဟန်မိဖုရား၏ သမီးတော်ပေမို့ တစ်ထစ်ချ ယုံကြည်၍ မရ...။

ယွန်းဂီမှာ သူ့အတွက် စီစဥ်ထားသည့် နေရာထိုင်ခင်းကိုသာ လျှောက်သွားလိုက်သည်။ ကြိုဆိုပွဲ၏ ထိပ်ဆုံးတွင် ထည်ဝါစွာ တည်ရှိနေသော ဖခမည်းတော်၏ ရာဇပလ္လင်သည် ခမည်းတော် ရှိမနေတာတောင် အရောင်အဝါတွေ ထွန်းတောက်နေဆဲ၊ ထီးနန်း ဆိုတာ ထိုင်ခုံဘဲပေါ့...

ထိုရာဇပလ္လင်ဘေးတွင်တော့ သူထိုင်ရမည့် အိမ်ရှေ့စံပလ္လင် ရှိပြီး ဆန့်ကျင်ဘက်တွင်တော့ မိဖုရားခေါင်ကြီးဖြစ်သည့် ယောန်ရန်မိဖုရား၏ ပလ္လင်ရှိသည်။ ပြသာနာသည်က သူ့အတွက် နေရာထိုင်ခင်း ပြင်ပေးနေသည်ဆိုသော ပတ်ဆောင်းဟွန်းတစ်ယောက် နေရာမှာ မရှိခြင်းပေ...

" ဆောင်းဟွန်း ဘယ်မှာလဲ? နန်းတွင်းသူဆောင်ထဲ ရောက်နေပြန်ပြီလား မသိဘူး... ဂျုံဆောင်း သွားခေါ်ခဲ့လိုက် "

သူ့အမိန့်ကို နာခံကာ ဂျုံဆောင်း ထွက်သွားတော့မှ အိမ်ရှေ့စံ ယွန်းဂီမှာ သက်ပြင်းချကာ နောက်လှည့်မိသည်။ သူမေ့နေသည်က ဂျောင်မျိုးနွယ် ရှိနေသည် ဆိုတာကိုပင်။ သူ့ကို ပြူးကြောင်ကြောင်လေး ပြန်ကြည့်နေပါသော် ဂျောင်မျိုးနွယ်က လက်လေးယှက်၍...၊

" ဂျောင်မျိုးနွယ် ဒီနေရာမှာ ထိုင်ကြည့် "

ယွန်းဂီမှာ မတရား ချောမောပြနေသည့် ထိုကောင်လေးကို ပညာပြစိတ်တွေ ပေါ်လာသည်။ သို့သော် အိမ်ရှေ့စံ၏ လက်ညိုးညွှန်မှုကြောင့် ဂျောင်မျိုးနွယ် ဟိုဆော့လေးမှာ ပြူးနေသည့် မျက်လုံးတွေ ကျယ်ကုန်သည်။ အဲ့နေရာက အိမ်ရှေ့စံ ထိုင်ရမယ့်နေရာကြီးလေ...!

" ကျွန်တော်က ဘာ-ဘာလို့ ထိုင်ရမှာလဲ အိမ်ရှေ့စံ? "

" ဘယ်သူမှ ထိုင်မစမ်းရသေးဘဲ ငါ ထိုင်လို့မရဘူးလေ... ဒီပလ္လင်မှာ သေစေနိုင်တဲ့ အရာတွေ ရှိနေရင် ဘယ်လိုလုပ်မလဲ? ငါက ဘယ်ဂွန်းနိုင်ငံရဲ့ အိမ်ရှေ့စံကို "

FAP : Min Lineage ThroneWhere stories live. Discover now