JUNG SSI 39

49 5 0
                                    

" ဒါဆို ငါပြန်တော့မယ်နော် ဟိုဆော့... အခုမှ ဆေးရုံဆင်းလာတာဆိုတော့ နည်းနည်းပါးပါး နားဦး "

သူ့ကိုအိမ်လိုက်ပို့ပြီး ပြန်ထွက်သွားသော နမ်ဂျွန်းအား ဟိုဆော့ ခေါင်းငြိမ့်ပြလိုက်သည်။ 'အိမ်' အစကတော့ သူ့အတွက် တစ်ခုတည်းသော ခိုလှုံနားခိုရာ ဖြစ်ခဲ့ပေမယ့် အခုတော့ ဘယ်ဂွန်း​ပြည်က အိမ်ရှေ့စံရဲ့ မဟူရာနန်းဆောင်လောက်တောင် နွေးထွေးမှု မပေးနိုင်တော့ဘူးဘဲ...

ဟိုဆော့မှာ သက်ပြင်းအသာချရင်း ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ အခု သူဘာလုပ်ရတော့မလဲ? လတော်တော်များများ အိမ်ရှေ့စံနောက် လိုက်ရင်း သူ့တစ်နေ့တာကို ကုန်ဆုံးခဲ့တာ... ချက်ချင်းကြီး အရာရာ ပြောင်းလဲသွားတော့ သူ နေသားမကျနိုင်သေး၊

အားလုံးက ပုံမှန်ပြန်ဖြစ်နေပြီး သူကလည်း နဂိုနေရာ ပြန်ရောက်နေတာတောင် အန္တရာယ်များတဲ့ ထိုနေရာကိုဘဲ စိတ်ထဲ တောင့်တနေမိသည်။ ဟိုဆော့မှာ ဒီတိုင်း ထိုင်နေရင်း ပင်လယ်ရေထဲကို ပြန်ခုန်ချချင်စိတ်တွေ တဖွားဖွား... အရာအားလုံးထပ် အိမ်ရှေ့စံကိုဘဲ သူလိုအပ်တာပါ...

" ဖုန်း! "

ဟိုဟိုဒီဒီ လိုက်စဥ်းစားနေရင်း ရုတ်တရက် ခေါင်းထဲဝင်လာသည့် အတွေး​ကြောင့် ဟိုဆော့မှာ ချက်ချင်းထကာ အိပ်ခန်းထဲက လက်တော့ပ်အား သွားဆွဲထုတ်လာခဲ့သည်။ ထို့နောက် သူ့ ဆိုရှယ်အကောင့်ထဲဝ င်ပြီး ကင်နမ်ဂျွန်းအား ဖုန်းဆက်မိတော့ ထိုကောင်က တော်ရုံနှင့်မကိုင်၊ ခဏကြာမှ...

* အေး ဟိုဘီ ပြော *

" နမ်ဂျွန်း... ငါ့ဖုန်းရော? "

* မင်းဖုန်း...? အော် ဟုတ်သား၊ မင်းကို ရေထဲက ပြန်ဆယ်ကတည်းက ပါမလာတာလေ... သင်္ဘောပေါ်မှာလည်း မရှိဘူးတဲ့၊ ကြည့်ရတာ ရေထဲ ကျသွားတာထင်တယ်... ရှာမတွေ့ဘူး *

ဟိုဆော့ ဖုန်းချလိုက်သည်။ ဒါဆို သူ့ဖုန်းက ဘယ်ဂွန်းမှာ ကျန်ခဲ့တာဘဲ... ဒုက္ခတော့ရောက်ပြီ! ဘယ်ဂွန်းခေတ်မှာ ခေတ်ပေါ် iphone တစ်လုံး တွေ့တယ်ဆိုပြီး သမိုင်းကြောင်းတွေ ပြောင်းသွားနိုင်တယ် မဟုတ်လား!? သူ့အင်္ကျီက ကိစ္စမရှိ၊ ပုလဲပြာစံအိမ်မှာဘဲ ကျန်ခဲ့တာမို့ မီးလောင်သွားလောက်ပြီ။

FAP : Min Lineage ThroneWhere stories live. Discover now