" အာ... ဒါဆို အရှင် ပြောပြောနေတဲ့ သူတို့လေးယောက်အဖွဲ့ထဲက အငယ်လေး ဂျီမင်ဆိုတာ ယွန်းဗြောရှီပေါ့...? ကျွန်တော်က လူချင်း မတွေ့ဖူးပေမယ့် အရှင်ပြောပြလို့ ရင်းနှီးနေပြီ၊ အဲ့ဒါကြောင့် အရမ်းတွေ့ချင်နေခဲ့တာ "
ဟိုဆော့ စိတ်ပူနေသည်နှင့် ဆန့်ကျင်စွာ ဂျောင်ကုနှင့် ယွန်းဗြောမှာ သူငယ်ချင်းတွေအတိုင်း ပေါ့ပါးနေသည်။ ဂျောင်ကု၏ သွက်သွက်လက်လက် ပြောဟန်တွေအား ယွန်းဗြောမှာ ခေါင်းလေးငြိမ့်ပြီး ထောက်ခံသည်။ သူကတော့ ထိုနှစ်ယောက်ကိုကြည့်ရင်း အသာပြုံးမိသည်ပေါ့...
" နောက်လည်း အဆင်ပြေရင် ကျွန်တော့်ဆီ အလည်လာလေ... ဂျောင်မျိုးနွယ် သူငယ်ချင်းက အခု ကျွန်တော့်သူငယ်ချင်းလည်း ဖြစ်နေပြီဆိုတော့ အချိန်မရွေးလာလည် "
" ကျွန်တော်ကတော့ လာချင်တာပေါ့ ယွန်းဗြောရှီ... ဒါပေမယ့် အရှင်က ပေးလာမှာမဟုတ်ဘူး၊ အရမ်းစည်းကမ်းကြီးတာလေ... လူရိုးကြီး! "
မျက်မှောင်လေးကို အသာကုပ်ကာဖြင့် ဟွာလင်းမင်းသားအား မကျေနပ်ဟန်ပြနေသော ကြင်ယာတော်မှာ နှုတ်ခမ်းဆူဆူလေးနှင့် ချစ်စရာကောင်းသည်။ ယွန်းဗြောမှာလည်း ထိုကောင်လေးကိုကြည့်ပြီး အားကျသည့် အပြုံးနုနုတွေဖြင့် အသာပြုံးကာ ကြည့်သည်။ ကံကောင်းလိုက်လေခြင်း...
ဟွာလင်းမင်းသားကို နှစ်တွေ အကြာကြီး တစ်ရက်မှမပျက်အောင် သူသိပ်ပြီး သဘောကျခဲ့တာ မှန်ပေမယ့် ဟွာလင်းမင်းသားကိုယ်တိုင် ချစ်ရတဲ့ ကြင်ယာတော်နဲ့ဆို ပိုပြီး ပျော်ရွှင်နေမှာလေ... သူက လက်လျှော့နှင့်ပြီးသားမို့ ဟွာလင်းမင်းသား ပျော်ရွှင်ဖို့ကတော့ အဓိက ဦးစားပေးပေါ့၊
ယွန်းဗြောမှာ စကားတွေ တတွတ်တွတ် ပြောနေသည့် ကြင်ယာတော်ကိုကျော်ပြီး သူတို့နှစ်ယောက်ကို ပြုံးပြီးကြည့်နေသည့် ဂျောင်မျိုးနွယ်ကို လှမ်းကြည့်လိုက်မိသည်။ သူ့ကို ခေါင်းငြိမ့်ပြပါသည့် ဂျောင်မျိုးနွယ်က ကြင်ယာတော်ကို ခေါ်လာ၍ အားနာနေဟန်၊ သို့ပေမယ့် သူကပိုပြီး ကျေးဇူးတင်ရသည်။
" အာ တကယ်ဘဲ... ဟိုဆော့ဟျောင်းကြောင့်သာ မဟုတ်ရင် ဘယ်ဂွန်းခေတ်က အရက်ကို နောက်ထပ် မြည်းနိုင်မှာတောင် မဟုတ်တော့ဘူး၊ အခွင့်အရေးရှိတုန်း အဝသောက်သွားရမယ်! "
YOU ARE READING
FAP : Min Lineage Throne