" ကင်ဆောနူ လို့ ခေါ်ပါတယ် လူကြီးမင်း "
သူ့ရှေ့ကနေ ခေါင်းငုံကာ တရိုတသေနှင့် နှုတ်ဆက်သော ကောင်လေးအား ဟိုဆော့ ပြုံးပြုံးကြီး ကြည့်နေသည်။ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်လေးက အရင်တုန်းက ဂျီမင်နီးကိုတောင် သတိရစေသည်အထိ၊ ကလေးချစ်တတ်သော ဟိုဆော့အဖို့ ထိုကောင်လေးက ချစ်စရာအတိ...
" ဂျောင်ဟိုဆော့ပါ... တွေ့ရတာ ဝမ်းသာပါတယ် "
ကိုယ့်ကိုကိုယ် မိတ်ဆက်ကာ လက်ဆွဲနှုတ်ဆက်ရန် လက်ကို အရှေ့ထုတ်ပေးတော့ ထိုကောင်လေးက ကြောင်တောင်တောင်လေးနှင့် ခေါင်းမော့ကာ ကြည့်ရှာသည်။ ဟုတ်သားဘဲ... ဒီခေတ်မှာ ဒါတွေမှ မရှိသေးတာကို၊ ရီကျဲကျဲနှင့် ဟိုဆော့မှာ သူ့ဟာသူ ရှက်ရင်း ခေါင်းကုတ်လိုက်သည်။
" ဟျောင်း လို့ဘဲ ခေါ်ပါ... "
" စိုးရွံမိပါတယ် လူကြီးမင်း... ကျွန်တော်မျိုးက ပုလဲပြာစံအိမ်ရဲ့ ကြီးကြပ်သူမို့ ဒီစံအိမ်မှာ တည်းခိုမယ့် လူကြီးမင်းကို မရိုမသေ ဆက်ဆံလို့ မဖြစ်ပါဘူး "
ခေါင်းကို ပိုငုံသွားကာ ရိုရိုကျိုးကျိုး ဆက်ဆံပုံကတော့ ဆတ်ဆတ်ကျဲ ပတ်ဂျီမင်နှင့် လားလားမျှ မဆိုင်... နှုတ်ခမ်းထူထူ၊ ချစ်စရာကောင်းသည့်ပုံစံနှင့် ခပ်သေးသေး အရွယ်အစားသာ တူပါသည်။ ဟျုဆော့မှာ ထိုကောင်လေးကိုကြည့်ကာ ပြုံးမိရင်း ဂျီမင်အား သတိရသည်။
" ဟုတ်ပါပြီ ဆောနူ... ရိုရိုသေသေ မဟုတ်ဘဲ ရင်းရင်းနှီးနှီး ဆက်ဆံလို့ မဖြစ်ဘူးလား? ဟျောင်းက ဒါတွေနဲ့ သိပ်အသားမကျဘူးလေ "
သူ့စကားကြောင့် ဆောနူက စဥ်းစားရကျပ်သွားဟန်နှင့် မျက်လုံးတွေကို တောင်မြောက်ကစားသည်။ နှုတ်ခမ်းကို ဖိကိုက်ထားပုံက ဆုံးဖြတ်ရခက်နေပုံ... ဟိုဖြူစွတ်စွတ်နှင့် ဂျက်ဖရော့လို အိမ်ရှေ့စံကို ဒီကလူတွေ အတော်ကြောက်ကြတာဘဲကိုးး ဟိုဆော့ ခေါင်းတစ်ငြိမ့်ငြိမ့် မှတ်ချက်ချလိုက်သည်။
" အဲ့လောက်ကြီးထိ အခက်တွေ့မနေပါနဲ့ သောနူရေ... မင်း စိတ်ကြိုက်သာ လုပ်ပါတော့ "
" ကျေးဇူးကြီးလှပါတယ် လူကြီးမင်း... ကျွန်တော်မျိုး လူကြီးမင်းအတွက် အစားအသောက် ပြင်ဆင်လိုက်ပါဦးမယ် "
ESTÁS LEYENDO
FAP : Min Lineage Throne