ဂျောင်ဟိုဆော့တစ်ယောက် သူနှင့် တိုက်မိသွားသော လူကို သေချာကြည့်နေမိသည်။ နာသွားသော ဦးခေါင်းနှင့် ဘေးတွင် ဒူးတုပ်ထိုင်နေသော ဆေးဆရာ ကောင်လေးကိုတောင် ဂရုမစိုက်နိုင်စွာ... ဒီလူကို တစ်နေရာရာမှာ သူမြင်ဖူးသည်။ ဘယ်နေရာလဲ မသိတာ တစ်ခုဘဲ...
ဖြူစွတ်တာမျိုး မဟုတ်ဘဲ ရွှေရောင်သန်းနေတဲ့ ဆံပင်ရှည်တွေရယ်... အဖြူရောင် ဝတ်ရုံရယ်နှင့် ဖြူဖွေးသော အသားအရည်ပိုင်ရှင်သည်က သူ့အမြင်အာရုံထဲ တဝဲလည်လည်၊ ဦးနှောက်ထဲ ခပ်ရေးရေးဖြစ်နေသည်မို့ သတိရအောင် မျက်မှောင်ကြုပ် စဥ်းစားပါသော်လည်း မရ...
" မောင်မင်းက ဂျောင်ဟိုဆော့ ဆိုတာလား? "
ဟိုဆော့ ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်တယ်... ခင်ဗျားကရော ဘယ်သူလဲ? "
သူ့စကားကြောင့် ထိုရွှေဖြူရောင်ဆံပင်နှင့် လူ၏ အနောက်နားရပ်နေသော ကောင်လေးမှာ ဓားအိမ်ထဲက ဓားဆွဲထုတ်သည်ကို ဟိုဆော့ မျက်လုံးထောင့်က မြင်တွေ့လိုက်ရသည်။ သို့ပေမယ့် ထိုရွှေဖြူရောင်ဆံပင်နှင့်လူ၏ ခဏသော စောင်းငဲ့ကြည့်မှုအောက်တွင် ထိုလူက ချက်ချင်း ငြိမ်သက်သွားပြန်သည်။
ဘာလား? ရုပ်ရှင်ကားထဲက လူဆိုးတွေလို ဆရာကြီး စတိုင်နဲ့!
" ငါက ဘယ်ဂွန်းပြည်ရဲ့ အိမ်ရှေ့စံ... မင်းကို အသက်ဘေးက ကယ်တင်လာတာ "
ဟိုဆော့ နှာခေါင်းရှုံလိုက်သည်။ တည်ကြည်နေတဲ့ ပုံစံမျိုးနှင့် စကားပြောပုံကိုက ယုံကြည်မှုတွေမြင့်မားနေတဲ့ အထက်တန်းလွှာစတိုင်လ်နဲ့... တခြားသူတော့ မသိ၊ သူ့အတွက်တော့ ဘဝင်လေဟပ်နေတဲ့ ပုံကြီးမို့ ဟိုဆော့ သိပ်ပြီး စိတ်တိုင်းမကျ...
အိမ်ရှေ့စံ ယွန်းဂီမှာတော့ သူ့ရှေ့မှာ မျက်မှောင် ကြုတ်လိုက်၊ မျက်လုံးလှန်လိုက်လုပ်နေတဲ့ ဂျောင်မျိုးနွယ်ကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ အနောက်ပြည်ကလူဆိုလျှင် မထင်မှတ်ထားတဲ့ အချိန်မှာတင် တိုက်ခိုက်နိုင်တာကြောင့်...
ကျန်သည့်လူတွေမှာတော့ အတော်ကြာ တိတ်ဆိတ်သွားသော စကားဝိုင်းကြောင့် အိမ်ရှေ့စံကိုတစ်လှည့်၊ ဂျောင်မျိုးနွယ်ကိုတစ်လှည့် ကြည့်နေကြသည်။ ဆေးဆရာအီက ကြမ်းပြင်ပေါ်က မထရသေးသလို ကိုယ်ရံတော် ဆောင်းဟွန်းကလည်း တစ်ခုခုဆို ဓားထုတ်ဖို့ အသင့်အနေအထားနှင့်...
YOU ARE READING
FAP : Min Lineage Throne