* ခွမ်းးး!!!!! *
အိမ်ရှေ့စံနန်းဆောင်ထဲမှ ထွက်လာသော ကျယ်လောင်လှသည့် ကျကွဲသံကြောင့် နန်းဆောင်ရှေ့က အမှုထမ်းတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ပုံမှန်နေ့တွေထပ် မျက်နှာတည်တင်းနေသည့် အိမ်ရှေ့စံက ယနေ့ညီလာခံက ပြန်လာကတည်းက ဒေါသတွေ လွန်ကဲနေတာဖြစ်သည်။
" နောက်ကွယ်က ဘယ်သူလဲဆိုတာ စုံစမ်းလိုက်ရမလား အိမ်ရှေ့စံ? "
ကတ္တီပါအခင်းပေါ်တွင် ထိုင်ကာ လက်သီးကို ကျစ်နေအောင် ဆုပ်ထားသော အိမ်ရှေ့စံမှာ ကိုယ်ရံတော် ဆောင်းဟွန်း၏ စကားကြောင့် လက်သီးတွေကို ဖြေလျော့ပြီး သက်ပြင်းချလိုက်သည်။ သူဟာ မင်မင်းဆက်၏ ၂၁ ယောက်မြောက်သော အိမ်ရှေ့စံ ယွန်းဂီဖြစ်သည်။ သို့သော် အာဏာက သူ့တွင်မရှိ...
" စုံစမ်းမနေပါနဲ့တော့ ဆောင်းဟွန်းရာ... ပြေးမကြည့်ရင်တောင် ဒီလိုအဆိုပြုချက်မျိုး တင်သွင်းရဲတာ ဘယ်သူဆိုတာ သိတယ်မဟုတ်လား? "
ယွန်းဂီက ထိုသို့ပြောတော့ ဆောင်းဟွန်းက ဓားကိုင်လျက်သားနှင့် ခေါင်းငြိမ့်ပြသည်။ 'အိမ်ရှေ့စံကို နေရာကနေ ဖယ်ရှားဖို့ ပြုလုပ်သင့်သည်' ဆိုပြီး ခြိမ်းခြောက်သလို ထွက်လာသည့် အဆိုပြုချက်သည် ကျိန်းသေပေါက် မယ်တော် မိဖုရားခေါင်ကြီးဆီက ဖြစ်သည်။
ယွန်းဂီ ရှိနေရင် သူမ.၏ သားတော် ထီးနန်းမရနိုင်တာသိ၍ သားတော် မရှိသည့်အချိန်မှာတောင် ဆုတောင်းနတ်နန်းထဲက မထွက်ဘဲ ဖခမည်းတော် မင်းကြီးမရှိသည့် နန်းတွင်းညီလာခံကို အဝေးကနေထိန်းချုပ်နေသည်အထိ သူမ.၏ အာဏာက ဘယ်ဂွန်းတိုင်းပြည်တွင် သက်ရောက်သည်။
ကျန်းမာရေးကြောင့် အိပ်ရာထဲလဲနေသည့် ခမည်းတော်ကို စိတ်ပူတာကတစ်ကြောင်း၊ ဘယ်ဂွန်းတိုင်းပြည်ကြီးကို ထိုမိဖုရားခေါင်ကြီး ယောရန်သိမ်းပိုက်သွားမှာကို စိုးရိမ်သည်က တစ်ကြောင်း၊ သူ့အသက်ကို အကိုတော်တွေ ရန်ပြုမှာကြောက်ရသည်က တစ်ကြောင်းနှင့် ယွန်းဂီ စိတ်ညစ်လှသည်။
" အဲ့ဒီအမှိုက်တွေကို သိမ်းခိုင်းလိုက် ဂျုံဆောင်း၊ ငါတို့ ပုလဲပြာစံအိမ်ကို သွားရအောင် "
YOU ARE READING
FAP : Min Lineage Throne