" ဝါးးးး "
လက်ထဲက အဝတ်ထုတ်ကို အာရုံမရစွာ ဟိုဆော့မှာ လမ်းလျှောက်နေရင်းမှ အနောက်ဘက်က မြင်ကွင်းကို လည်ပြန်ငေးသည်။ အရောင်စုံ အဝတ်စတွေနှင့် နန်းရင်ပြင် တစ်ခုလုံးကို အလှဆင်ထားပုံက ကြည့်ဖူးသည့် ဒရာမာကားတွေနှင့် ကွဲပြားစွာ ပို၍ လှပနေသေးသည်။
နန်းတော်အဝင်ဝကနေ အထဲရောက်တဲ့အထိ ခင်းချထားသော ကော်ဇော်နီမှာ အရေးကြီးသည့်လူ ဖြတ်လျှောက်မယ်မှန်း သိသာစွာ...
" ဒါ ဘာအတွက်လဲ ဂျုံဆောင်း? "
မနေနိုင်တော့သည့်အဆုံး ဟိုဆော့မှာ ဘေးနားကနေ အတူလမ်းလျှောက်နေသော စီနီယာအပါးတော်မြဲလေး ဂျုံဆောင်းအား လက်.မအားသဖြင့် ပုခုံးတိုက်ကာ မေးလိုက်သည်။ ဂျောင်မျိုးနွယ်၏ အမေးအမြန်း ထူပုံကို သိနေသော ဂျုံဆောင်းမှာတော့ သက်ပြင်းသာ ချနိုင်သည်။
မေးမှာစိုးလို့ လမ်းမြန်မြန် လျှောက်ပါတယ်ဆို၊ မေးဖြစ်အောင်ကို မေးပါသော် ဂျောင်မျိုးနွယ်သည် စူးစမ်းလိုစိတ် အတော်လေး များသည်။
" ဒီနေ့ ဝီဒယ်မင်းသားက နန်းတော်ပြန်လာမှာလေ... အဲ့တာ သူ့အတွက် ကြိုဆိုပွဲ လုပ်နေကြတာ "
" ဝီဒယ်မင်းသား? ယောရန်မိဖုရားခေါင်ကြီးရဲ့ သားတော်လား!? "
ထိုနာမည်ကြားသည်နှင့် ဟိုဆော့မှာ ခေါင်းလေးပုဝင်သည်။ အမေဖြစ်သူကို မဟုတ်တရုတ်တွေ ပြောထားလို့ သားဖြစ်သူက လည်ပင်းပေါ် ဓားတော့ လာမထောက် လောက်ဘူးမလား? တွေးကြည့်ရင်းနှင့် လည်ပင်းနေရာက ယားလာတာမို့ အတွေးတွေကို မောင်းထုတ်လိုက်ရသည်။
သို့ပေမယ့် ဂျုံဆောင်းမှာတော့ တအံ့တသြဖြင့်...
" ခင်ဗျားက အဲ့တာတွေ ဘယ်လိုသိတာလဲ ဂျောင်မျိုးနွယ်? "
" ဟမ်? အဲ့တာလား...? ဟီဆွန်း အဲ! ဆေးဆရာအီ ပြောပြတာလေ "
ဂျောင်မျိုးနွယ်သည် လူကို သေချာမကြည့်ပါဘဲ မေးသည့်စကားအား ပေါ့ပျက်ပျက် ပြန်ဖြေသည်။ ဂျုံဆောင်းမှာတော့ သက်ပြင်းသာ ချလိုက်သည်။ ဆေးဆရာအီဆိုတဲ့ လူက နန်းတွင်းအရေးကို ဘာမှန်းမသိသည့်လူအား ဘာကြောင့် ပြောပြရသနည်း? စစ်သူကြီး သိရင် မိုးမီးလောင်ဦးမည်။
YOU ARE READING
FAP : Min Lineage Throne