ဂျောင်ဟိုဆော့ တစ်ယောက် 21 ရာစုတွင် အရှုပ်အရှင်း ကင်းခဲ့သလောက် ဘယ်ဂွန်းခေတ်တွင်တော့ မရောက်စဖူး အချုပ််ခန်းထဲ အခြေချနေရသည်။ သံတိုင်ကြားတွင် ခေါင်းပြူကာ သူ့အဖြစ်သူ ပြန်စဥ်းစားနေရင်းမှ အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
နံရံကို ကျောမှီထားကာ တစ်ကျစ်ကျစ်နှင့် ငြီးငြူနေသော ဆေးဆရာကောင်လေးသည် ခေါင်းတွင် အဖြူရောင် အဝတ်စ အဖွေးသားနှင့်...
သူ့ကြောင့်နှင့် ရခဲ့သော ဒဏ်ရာမဟုတ်သော်ငြား သူ့ကို ကာကွယ်ရင်းရသွားသော ဒဏ်ရာပေမို့ ဟိုဆော့မှာ စိတ်မသက်မသာ၊ သူ့အထင် ပြောရလျှင် ထိုဒဏ်ရာသည် နှစ်ချက်လောက်တော့ အနည်းဆုံး ချုပ်ရမည်။ သို့ပေမယ့် ယခု ပတ်တီးစည်းထားပုံက ဆေးမထည့်၊ ဘာမထည့် အစိမ်းလိုက်ကြီး...
" အရမ်းနာနေလား ဆေးဆရာအီ? "
" ရပါတယ် ဂျောင်မျိုးနွယ်... ကျွန်တော် နဂိုကတည်းက အဲ့ဒီနေရာမှာ အနာတရဖြစ်ဖူးလို့ပါ "
ဟိုဆော့က အားနာစွာ မေးတော့ ခေါင်းလေး အနည်းငယ်ယိမ်းကာ ခပ်ပြုံးပြုံး ပြန်ဖြေလာသော ဆေးဆရာအီက မျက်နှာတွင် နာကျင်မှုအချို့နှင့်၊ သူလည်း တောင်းပန်သလို ဖြစ်ညှစ်ပြုံးပြလိုက်ပြီး မျက်နှာပူလွန်း၍ သံတိုင်ကြားထဲသို့သာ ခေါင်းအပ်ထားမိသည်။
အင်းးး အိမ်ရှေ့စံ မဟုတ်ရင်တောင် နမ်ဂျွန်းကတော့ လာဖြေရှင်းပေးလောက်မယ် မဟုတ်လား?
ဘယ်လိုဘဲဖြစ်ဖြစ် ဒီကိစ္စမှာ သူမမှား၊ အိမ်ရှေ့စံ ကိုယ်တိုင် ဆေးဆရာကောင်လေးကို ပေးထားတဲ့ တံဆိပ်ပြား ရှိနေတာတောင် နန်းတော်ထဲ ပေးမဝင်သည့် ဂိတ်စောင့်အမှုထမ်း၏ အမှားပင်။ သူကတော့ ထိုအမှုထမ်းကို တစ်မျက်နှာလုံး ဖူးယောင်နေသည် အထိ လက်သီးတွေ ဆက်တိုက် ထိုးကျွေးခဲ့ပါသည်။
ထို့ကြောင့်လည်း ယခုကဲ့သို့ သံတိုင်ကြားထဲ အလည် ရောက်နေခြင်း ဖြစ်သည်။
ဆေးဆရာကိုတော့ ပေးဝင်ပြီး သူ့ကိုတော့ ပြည်ဝင်ခွင့် တံဆိပ်ပြား မရှိလို့ ပေးမဝင်ဘူးတဲ့လေ? တိုင်းပြည်ရဲ့ အိမ်ရှေ့စံကတောင် အိမ်ပေါ် ခေါ်တင်ထားတဲ့ဟာ၊ ထိုသကောင့်သား ဘာဖြစ်ချင်နေသလဲ မသိ၊ အရမ်းတွေမှ တာဝန်သိတတ်လွန်းနေသည်။ တွေးရင်းနှင့် ဟိုဆော့မှာ ဒေါသထွက်သည်။
KAMU SEDANG MEMBACA
FAP : Min Lineage Throne