ယနေ့သည် ခါတိုင်းနေ့နှင့် မတူစွာ နန်းတွင်းသူတွေ နန်းတော်ထဲ အလုပ်ရှုပ်နေကြပြန်သည်။ နတ်ရွာစံသွားပြီးဖြစ်သော မင်ဆန်းဂီမင်းကြီး၏ ဝမ်းနည်းဖွယ် အရိပ်အယောင်တွေကို ဖယ်ရှားကာ မင်းကြီးအသစ်ဖြစ်သော မင်ယွန်းဂီအိမ်ရှေ့စံ၏ မနက်ဖြန် နန်းတက်ပွဲအတွက် ပြင်ဆင်နေကြသည်။
" မတွေ့ရတာ ကြာပြီဘဲ... ပြန်လည် ကြိုဆိုပါတယ် "
မဟူရာနန်းဆောင်၏ လူစုံနေသော အခိုက်အတန့်... သူတို့တွေ မန်ဂျိုက ပြန်လာကတည်းက နားရက်ရသွားသည့် ဂျုံဆောင်းနှင့်ဆောင်းဟွန်းမှာ နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိနေကြသည်။ တိုင်းပြည်ရေးက အခြေအနေမကောင်းတာမို့ အိမ်ရှေ့စံမှာ နားစေချင်သေးသော်လည်း...
" ကျွန်တော်တော့ ဒီထပ်ပိုပြီး မနားနိုင်တော့ဘူး အိမ်ရှေ့စံ... အိမ်ရှေ့စံရဲ့ နန်းတက်ပွဲ အခမ်းအနားမှာ ကျွန်တော် ပြင်ဆင်ပေးရမှာလေ... ဘေးမှာ စိတ်ချလို့မရတဲ့ လူလည်းရှိနေတာကို "
အပါးတော်မြဲဂျုံဆောင်းက သူ့ကိုကြည့်ပြီး မပြောပါသော်လည်း သူ့ကိုပြောတာမှန်းတော့ ဟိုဆော့သိပါသည်။ ဘေးက ကိုယ်ရံတော်ဆောင်းဟွန်းကပါ ခေါင်းလေးငြိမ့်ပြီး ထောက်ခံလို့! ဟက်... သူတို့စိတ်မချတဲ့လူက သူတို့အိမ်ရှေ့စံနဲ့ အဆင့်ပါတက်ပြီးပြီမှန်းသိရင် ဘယ်လိုတောင် သွေးတက်ကြမလဲမသိ?
" ဒါဆိုလည်း ပုံမှန်အတိုင်းဘဲ တာဝန်တွေပြန်ထမ်းဆောင်ကြပေါ့... ဒီအခြေအနေမှာ အစစအရာရာတော့ သတိထားစေချင်တယ်၊ ဂျုံဆောင်းရော ဆောင်းဟွန်းရော မင်းတို့တွေ ငါ့အနားမှာဘဲကပ်နေကြ "
ထိုစကားတွင်တော့ ခဏက လေပေါ်ရောက်နေသောဟိုဆော့မှာ အိမ်ရှေ့စံကို မျက်လုံးပြူးလေးနှင့် ကမန်းကတန်း လှည့်ကြည့်မိသည်။ သူတို့တွေကို အနားကပ်နေဆိုတော့ သူကရော? အိမ်ရှေ့စံရဲ့ တစ်ဦးတည်းသော ချစ်ရသူ ဆော့ကီလေးကရောလို့!? သို့ပေမယ့် အိမ်ရှေ့စံကတော့ သတိမထားမိခဲ့...
မနေ့က အကိုတော်ယုံးရှင်း၏ ပြောစကားကြောင့် သာမန်ထပ် ငြိမ်သက်လွန်းနေသော နန်းတွင်းအနေအထားကို သံသယဖြစ်လာသည်။ ပုံမှန် သူ့ကိုပြဿနာရှာနေကျ မိဖုရားတွေနှင့် မင်းသားတွေလည်း ပျောက်နေသည်။ အကိုတော်ယုံးရှင်းကိုတောင် မနေ့ကမှ တွေ့မိခြင်း၊ ထိုအချိန်တွင်ပင်...
ESTÁS LEYENDO
FAP : Min Lineage Throne