JUNG SSI 6

150 24 1
                                    

" ခရီးက နဂိုကတည်းက ဒီလိုဘဲ ဝေးတာလား ဆေးဆရာအီ? "

သူ့နောက်က လျှာလေးတစ်လစ်နှင့် စကားပြောရင်တောင် လေသံပါနေသည့် ဂျောင်မျိုးနွယ်အား ကြည့်ကာ အီဟီဆွန်းမှာ ခိုးရီသည်။ သစ်ပင်ကို လက်ထောက်ထားကာ တံတွေးတွေ အကြိမ်ကြိမ် မျိုချနေသော ဂျောင်မျိုးနွယ်က လိုက်လာဖို့ တောင်းဆိုတုန်းက အချိန်နှင့် လားလားမျှမဆိုင်...

" ပုံမှန်ဆိုရင်တော့ ဒီလမ်းတွေက ဘယ်ဂွန်းရဲ့ အဓိကမြို့တော်ဖြစ်တဲ့ ဂွမ်ဂိုမြို့နဲ့ ဝေးတယ်လေ... အဲ့တာကြောင့် အထက်အရာရှိတွေကတော့ မြင်းနဲ့ဘဲ လာကြတယ်
.
အဲ့ထက်မြင့်တဲ့ လူဆိုရင်တော့ ဝေါယာဥ် ဒါမှမဟုတ် ထမ်းစင်နဲ့ လာကြတာပေါ့... ဥပမာ အိမ်ရှေ့စံတို့လို ရာထူးမျိုး၊ ကျွန်တော်တို့လို အမူထမ်းတို့၊ သာမန်လူတို့ဆို ဒီလို ​ခြေလျှင်လျှောက်ရတာဘဲ "

သူ့ကို ပြုံးပြကာဖြင့် ဆက်လျှောက်သွားပါသော် ဆေးဆရာနောက် ဟိုဆော့တို့ အသက်ထွက်မတတ် လိုက်ရပြန်သည်။ ဘဝမှာ ဒီလောက်ထိဝေးဝေး တစ်ခါမှ လမ်းမလျှောက်ဖူး... ကားစီးလိုက်၊ ဆိုင်ကယ်စီးလိုက်နှင့် သာယာနေခဲ့သမျှ ဘယ်ဂွန်း ရောက်တော့မှ တန်ဖိုးသိတော့သည်။

" ဒါနဲ့လေ ဆေးဆရာအီ! အိမ်ရှေ့စံက ဘာလို့ ဒီလောက်ဝေးတဲ့ ပင်လယ်ဘက်မှာ အိမ်လာဆောက်ထားရတာလဲ? "

" ဒါက အိမ်ရှေ့စံ ကိုယ်တိုင် အစအဆုံး စီမံထားတဲ့ အပန်းဖြေအိမ်လေ... အိမ်ရှေ့စံပိုင်တဲ့ ဒီဘက်ပိုင်း နယ်မြေကို အာဒါဝန်း လို့ ခေါ်တယ်၊ ပင်လယ်နဲ့ နီးပြီးတော့ တခြားဘက်မှာက အနောက်နိုင်ငံရှိတာ ဆိုတော့ နယ်စပ်လို့မျိုး ဖြစ်နေတာ...
.
မင် မင်းကြီးက သူ့သားတော် 4 ယောက်ကို အခွန်ကောက်ခံလို့ရအောင် နယ်မြေခွဲပေးထားတယ်လေ... အန္တရာယ် အများဆုံး နယ်မြေကို အိမ်ရှေ့စံ ရသွားတာ၊ အငယ်ဆုံး မင်းသမီးလေးကတော့ အသက်မပြည့်သေးလို့ မရသေးဘူး "

" ဟင်? ဒီနိုင်ငံရဲ့ ဘုရင်နာမည်က မင် လား? "

သူပြောသမျှကို လမ်းလျှောက်ရင်းနှင့် နားစိုက်ထောင်နေသော 21 ရာစုက လူသားသည် ဘယ်ဂွန်းပြည် အကြောင်းကို အတော်လေး စိတ်ဝင်စားသည်ဟု ဟီဆွန်း မှတ်ချက်ချလိုက်သည်။ စစ်သူကြီးဆီကလည်း သိချင်တာတွေပြောပြလိုက်ဖို့ အမိန့်ရထားတာဆိုတော့...

FAP : Min Lineage ThroneWhere stories live. Discover now