JUNG SSI 8

158 22 3
                                    

Note: ဤ Fiction ထဲမှ ဝတ်စားဆင်ယင်ပုံ၊ အသုံးအနှုန်း အပြင်အဆင်များသည် စာရေးသူ၏ စိတ်ကူးများသာ ဖြစ်သည်။

" ဝိုးးးး မိုက်သားဘဲ "

ရှေ့က ကိုယ်လုံးပေါ် ကြေးမုံ (ခေါ်) မှန်ကို ကြည့်ကာ ဟိုဆော့တစ်ယောက် သူ့ကိုယ်သူ ဂုဏ်ယူနေခြင်း။ အပါးတော်မြဲတွေ ဝတ်ရသော အစိမ်းပုပ်ရောင် အောက်ခံနှင့် ငွေရောင်အပေါ်ထပ်တို့ကို ကြည့်ကာ ဟိုဆော့ မျက်နှာတွင် ကျေနပ်ခြင်းများ နေရာယူသည်။

ခါးတွင် စည်းနှောင်ထားသော ခရမ်းရောင် ကျစ်ကြိုးလေးက အိမ်ရှေ့စံ၏ အမှုထမ်းဖြစ်ကြောင်း သက်သေ...

" ကုန်းကုန်း မဖြစ်ဘဲ အပါးတော်မြဲ ဖြစ်တာဘဲ ကျေးဇူးတင်လိုက်ပါ ဂျောင်မျိုးနွယ် "

အရှေ့က ဂျောင်မျိုးနွယ်၏ ကြေးမုံရှေ့တွင် ဆယ်ပတ်လောက် လှည့်နေခြင်းကို မျက်စိနောက်လာသော ဂျုံဆောင်းက 'မိုက်သားဘဲ' ဆိုသော စကားကို နားမလည်သော်ငြား ပြောလိုက်သည်။ ထိုအခါ လှည့်ကြည့်လာသော ဂျောင်မျိုးနွယ်က ဘာမှမသိဟန်နှင့် နှုတ်ခမ်းဆူကာ...

" ငါက ဘာလို့ ကျေးဇူးတင်ရမှာလဲ? "

ကြမ်းပြင်တွင် ထိုင်နေသော ဂျုံဆောင်းမှာ သူ့ကိုငုံ့ကြည့်နေသော ဂျောင်မျိုးနွယ်အား မော့ကြည့်လျက်  အသက်မပါစွာ ရီလိုက်သည်။ ဆေးဆရာအီ ပြောသည့်အတိုင်း ထိုဂျောင်မျိုးနွယ် ဟိုဆော့သည် အတော်လေး မသိတာများပြီး စပ်စုချင်စိတ်လည်း အတော်လေး များပါသည်။

သူကတော့ သဘောထားကြီးစွာဖြင့် '21ရာစုကမို့ ဖြစ်တာ' ဟု ဖြည့်တွေးပေးလိုက်ပါသည်။

" ကုန်းကုန်းဆိုရင် ခင်ဗျားရဲ့ ငယ်ပါ ဖြတ်ရမှာပေါ့... အိမ်ရှေ့စံက သူ့အနားမှာ ကုန်းကုန်း.မထားတာ ခင်ဗျား ကျေးဇူးတင်သင့်တယ်၊ ခင်ဗျားလုပ်လိုက်တဲ့ ပြစ်မှုက သေဒဏ်တောင် ကျနိုင်တာ ခင်ဗျားသိလား? "

အပါးတော်မြဲ ဂျုံဆောင်း၏ စကားအဆုံး ဟိုဆော့မှာ ခြေထောက်နှစ်ချောင်းကို စိပြီး တံတွေးမျိုချလိုက်မိသည်။ ပြောချင်ရာတွေ ပြောပြီးမှ မိဖုရားခေါင်ကြီးမှန်း သိရသည့် သူ့အဖြစ်သည် သေမင်းခံတွင်းကနေ သေးပေါက်လိုက်လို့ ထွေးထုတ်ခံလာရသည့် ပုံမျိုးဖြစ်သည်။

FAP : Min Lineage ThroneTempat cerita menjadi hidup. Temukan sekarang