JUNG SSI 22

137 22 0
                                    

" ဒါကတော့ မန်ဂျိုပြည်နယ်ရဲ့ စျေးဘဲ ဖြစ်ပါတယ် "

မူရာကီ ကောင်လေး၏ ဦးဆောင်မှုတွင် ဟိုဆော့နှင့် ယွန်းဂီမှာ လူပေါင်းစုံ အလွှာစုံလှသော စျေးထဲသို့ ရောက်ရှိလာသည်။ လူမျိုးမတူ၊ ဘာသာစကားမတူသော နေရာပေမို့ နယ်စပ်မြို့လေး၏ စျေးကတောင် သူတို့ကို စိတ်လှုပ်ရှားစေသည်။ ဟိုဆော့မှာ မူရာကီကောင်လေးကို လှည့်ကြည့်လိုက်ပြီး...

" ဒီလောက် လူများတာ ငါတို့ကို ဘယ်ဂွန်းကလာမှန်း မရိပ်မိကုန်ဘူးလား နီကီ? "

သူ့၏ ရှည်လျားလှသော အမည်နာမအား အတိုချုံ့ကာ အရှေ့တစ်လုံးနှင့် အနောက်တစ်လုံးကို ပေါင်းခေါ်သော ဆံပင်ပုံစံထူးထူးဆန်းဆန်းနှင့် လူကြောင့် နီရှီမူရာရီကီမှာ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိသည်။ ပုံစံက ထူးဆန်းပေမယ့် လူကတော့ ဖော်ဖော်ရွေရွေနှင့် ခင်ဖို့ကောင်းသည်။

" ခင်ဗျားတို့သာ ဒီလူအုပ်ကြားထဲ စကားမပြောဘဲ ဝင်ရောနိုင်ရင် သူတို့တွေ ရိပ်မိနိုင်စရာ အကြောင်းမရှိပါဘူး ဂျောင်မျိုးနွယ်... ဘာသာစကားမတူတာမို့ စကားတော့ ကျယ်ကျယ် မပြောမိစေနဲ့ "

နီကီ၏ စကားအဆုံး ဟိုဆော့မှာ ပါးစပ်ကို လက်ကလေးနှင့်ပင် ပိတ်မိရင်း အိမ်ရှေ့စံဘက် လှည့်ကြည့်လိုက်သည်။ ပျားပန်းခတ်တမျှ လှုပ်ရှားနေသော လူတွေကို လိုက်ကြည့်နေသော အိမ်ရှေ့စံက တည်ကြည်နေသော မျက်နှာထားနှင့်... ဘာလို့မှန်းမသိ နှလုံးသားလေး အခုန်မြန်သွားသည်။

" ဒါဆို အိမ်ရှေ့စံတို့ စျေးထဲ လှည့်ပတ်ကြည့်ရင်း ခဏစောင့်ကြနော်... ကျွန်တော်ကတော့ စျေးအရှေ့မှာ လူစောင့်ရဦးမှာမို့ ခွင့်ပြုပါဦး "

နီကီ၏ ခွင့်တောင်းစကားအား ယွန်းဂီမှာ ခေါင်းငြိမ့်ပြလိုက်ပြီး နီကီထွက်သွားတော့မှ လေပူတွေကို မှုတ်ထုတ်မိသည်။ တိုင်းတစ်ပါး၏ နယ်မြေထဲမှာမို့ ယွန်းဂီမှာ စိတ်အပူလွန်နေသည်။ သို့ပေမယ့် စိုးရိမ်စရာတော့ သိပ်မရှိ၊ သူရော ဂျောင်မျိုးနွယ်ရော ရုပ်ဖျက်ခဲ့တာမို့ ဝင်ရောဖို့တော့ အဆင်ပြေသည်။

" သွားကြရအောင် ဂျောင်မျိုးနွယ်... နယ်မြေအသစ်မှာ နည်းနည်းလောက် စူးစမ်းကြည့်ကြတာပေါ့ "

FAP : Min Lineage ThroneWhere stories live. Discover now